Tuesday, September 9, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယ်သာလန်အထက်လွှတ်တော် ဥက္ကဋ္ဌ နှင့်အဖွဲ့အား တွေ့ဆုံ

သည်ဟေ့ဂ် စက်တင်ဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ သည် စက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် နယ်သာလန် နိုင်ငံ နယ်သာလန်ပါလီမန်သို့ ရောက်ရှိပြီး အထက်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ဆုံ သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့ဝင်များသည် နယ်သာလန် နိုင်ငံ ပါလီမန် သို့ ရောက်ရှိကြရာ အထက်လွှတ်တော်ဥက္ကဋ္ဌ Mrs. Ankie Broekers-Knol နှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့သည် မှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက် ခဲ့မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်ထောင်စုစနစ်ဖွဲ့စည်းပုံများကို ရှင်းလင်းပြောကြားခဲ့ ပြီး နယ်သာလန်လွတ်တော်ကိုယ်စားလှယ်တစ်ဦးက ရခိုင်ပြည်နယ်အခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်စေလွှတ်ပေးခဲ့မှုတို့နှင့် ပတ်သက်ပြီး သိရှိလိုသည် များကို မေးမြန်းခဲ့သည်။ 

No comments:

Post a Comment