သည်ဟေ့ဂ် စက်တင်ဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန်
နံနက် ၁၀ နာရီတွင် နယ်သာလန်နိုင်ငံရှိ Tomato World ဖန်လုံအိမ် စိုက်ပျိုးရေးဗဟိုဌာနသို့
ရောက်ရှိကြရာ Zuid Holland ပြည်နယ်၏ ဘုရင့် Commissioner Mr. Smit နှင့် တာဝန်ရှိသူများက
ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတအား ခရမ်းချဉ်သီးစိုက်ပျိုးမှုနှင့်
စပ်လျဉ်း၍ Mr. Jos van Mil က ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ က ခရမ်းချဉ်သီးဖန်လုံအိမ်
စိုက်ပျိုးရေးခြံပိုင်ရှင် အား အမှတ်တရ လက်ဆောင်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည်
ခရမ်းချဉ်သီးအား ဖန်လုံအိမ် စိုက်ပျိုးနည်းဖြင့် စနစ်တစ်ကျ စိုက်ပျိုးထားရှိမှုများကို
လှည့်လည် ကြည့်ရှု့လေ့လာကြ သည်။
ဆက်လက်၍ ခင်းကျင်းပြသထားသည့် ပြခန်းအတွင်း
လှည့်လည်ကြည့်ရှု့ လေ့လာပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက
လိုက်လံရှင်းလင်းပြသသည်။

No comments:
Post a Comment