ရန်ကုန်-စက်တင်ဘာ
၁
ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များသို့ ကုသိုလ်ပါရမီအလှူငွေ
ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ကျင်းပရာ
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဦးမောင်မြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များမှ
တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်
သာသနာပြုဆရာ၊ အကျိုးတော်ဆောင်၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခတွဲဖက်ဌာနမှူး
Dr. Ram Niwas (ခ) ဒေါက်တာလှထွန်းက အခမ်းအနားနှင့် ပတ်သက်၍ ဟိန္ဒူရိုးရာရွတ်ဖတ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများထံ
ရွှေစူပါလိုက်ကုမ္ပဏီ လီမိတက်မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်ဦးနှင့် တာဝန် ရှိသူတို့က
အလှူငွေများပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အတွင်းရေးမှူး
ဘဒ္ဒန္တကုသလ၊ သနန္တနဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ဦးမောင်သိန်း၊ မြန်မာနိုင်ငံခရစ်ယာန်
မျက်မမြင်များမိတ်သဟာယ(ခဝဲခြံ) ကျောင်းအုပ် ဦးသိန်းလွင်နှင့် ရန်ကုန်မြို့ မွတ်စလင်ကုသိုလ်ဖြစ
်အခမဲ့ဆေးရုံ ဥက္ကဋ္ဌ ဦးမူဆာအေမရန်းတို့က ဂုဏ်ပြု ဝမ်းမြောက် စကားများပြောကြားပြီး မန်နေဂျင်းဒါရိုက်တာ
ဦးမောင်မောင်ဦးက ကျေးဇူးတင်စကား ပြောကြား ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment