Monday, September 1, 2014

တနင်္သာရီတိုင်းဒေသကြီး ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ တာဝန်ယူကြီးကြပ် ဆောက်လုပ်မည့် အခြေခံပညာ ကျောင်းများ အသစ်ဆောက်လုပ်ရန် အိတ်ဖွင့် တင်ဒါဖွင့်ပွဲ အခမ်းအနား ထားဝယ် စက်တင်ဘာ ၁ တနင်္သာရီ တိုင်းဒေသကြီး ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ မှ တာဝန်ယူ ကြီးကြပ် ဆောက်လုပ်မည့် အခြေခံပညာကျောင်းများ အသစ်ဆောက် လုပ်ရန် အိတ်ဖွင့် တင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉၀၀)နာရီတနင်္သာရီ တိုင်းဒေသကြီး ၊ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပရာ အိတ်ဖွင့်တင်ဒါ စိစစ်ရေး ကော်မတီ ဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်က အဖွင့်အမှာ စကားပြောကြား သည်။ ထို့နောက် အိတ်ဖွင့်တင်ဒါ စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးထွန်းရီ အိတ်ဖွင့်တင်ဒါ စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာသော ကုမ္ပဏီများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသော ကုမ္ပဏီများက ကျောင်းအလိုက်အိတ်ဖွင့် တင်ဒါ ဈေးနှုန်းလွှာများ ယှဉ်ပြိုင် သည်။ တနင်္သာရီ တိုင်းဒေသကြီး ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခွင့်ပြု ရန်ပုံငွေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ တာဝန်ယူကြီးကြပ် ဆောက်လုပ်မည့် (ထားဝယ်/မြိတ်/ကော့သောင်း) ခရိုင်အတွင်း ရှိ အခြေခံပညာ ကျောင်းများအသစ် ဆောက်လုပ်ရန်အတွက် ကျောင်း(၄၄)ကျောင်းကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်လျှက်ရှိရာ ကုမ္ပဏီ(၉၇)ခု က ပါဝင်ယှဉ်ပြိုင်လျှက် ရှိကြောင်း သတင်းရရှိသည်။

ထားဝယ် စက်တင်ဘာ ၁
တနင်္သာရီ တိုင်းဒေသကြီး ၂၀၁၄-၂၀၁၅ ခု၊  ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ မှ တာဝန်ယူ ကြီးကြပ် ဆောက်လုပ်မည့်  အခြေခံပညာကျောင်းများ   အသစ်ဆောက် လုပ်ရန် အိတ်ဖွင့် တင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉၀၀)နာရီတနင်္သာရီ တိုင်းဒေသကြီး ၊ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေး






ခန်းမတွင် ကျင်းပရာ အိတ်ဖွင့်တင်ဒါ စိစစ်ရေး ကော်မတီ  ဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ၀င်းအောင်က အဖွင့်အမှာ စကားပြောကြား သည်။
ထို့နောက် အိတ်ဖွင့်တင်ဒါ စိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးထွန်းရီ အိတ်ဖွင့်တင်ဒါ စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာသော  ကုမဏီများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသော ကုမဏီများက ကျောင်းအလိုက်အိတ်ဖွင့် တင်ဒါ ဈေးနှုန်းလွှာများ   ယှဉ်ပြိုင် သည်။ တနင်္သာရီ တိုင်းဒေသကြီး ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခွင့်ပြု ရန်ပုံငွေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ တာဝန်ယူကြီးကြပ် ဆောက်လုပ်မည့်  (ထားဝယ်/မြိတ်/ကော့သောင်း) ခရိုင်အတွင်း ရှိ အခြေခံပညာ ကျောင်းများအသစ် ဆောက်လုပ်ရန်အတွက် ကျောင်း(၄၄)ကျောင်းကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပွင့်လင်း  မြင်သာစွာ ဆောင်ရွက်လျှက်ရှိရာ ကုမဏီ(၉၇)ခု က ပါဝင်ယှဉ်ပြိုင်လျှက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment