Friday, August 29, 2014

ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှု (Third Wave)လုပ်ငန်းစဉ်များကဏ္ဍအလိုက် ပညာရှင် များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှူးဦးစီးကာ ပြည်သူ့အကျိုးပြုရဲလုပ်ငန်းများ ဖြစ်စေရေးနှင့် ရဲလုပ်ငန်းများဖြင့် ပြည်သူကို လျှင်မြန် ထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် ရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များထဲမှ တာဝန်ယူရမည့် လုပ်ငန်းကဏ္ဍများအလိုက် အစိုးရ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကပညာရှင်များနှင့် ခရိုင် အတွင်းရဲ ရဲတပ်ဖွဲ့များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ (၂၉)ရက် နံနက် (၈)နာရီက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ ခရိုင်တရားသူကြီး ဒေါ်သန်းသန်းတင့်၊ ခရိုင်ဥပဒေအရာရှိ ဦးဝင်းမြင့်၊ ခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာဒေါ်တင်တင်ရီတို့က ပြည်သူ့အကျိုးပြု ရဲလုပ်ငန်းများ ဖြစ်စေရေးအတွက် တရားရေဆိုင်ရာ လိုက်နာရမည့် အချက်များ၊ ပြစ်မှုအလိုက် စွဲဆိုသင့်သည့် ပုဒ်မများ၊ ဆေးစာထုတ်ယူ ဆောင်ရွက်ရေးဆိုင်ရာ အချက်အလက်များနှင့် ရဲလုပ်ငန်းများဖြင့် စပ်ဆက်လျှက်ရှိသော လုပ်ငန်းများကို နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်မြှင့်တင် မှုအဖြစ် အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိကြောင်း အသီးသီး အကျယ်တဝင့် ဆွေးနွေး ကြသည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကဏ္ဍအလိုက် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂိလိက ပညာရှင်များ ပြည်သူအားကိုးသော ရဲလုပ်ငန်းများဖြစ်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီး မင်းနောင်က အချုပ်ဆွေးနွေးရာတွင် ယခုဆွေးနွေးပွဲမှ အကြံပြုဆွေးနွေးလာသော အချက်များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိမိတို့ရဲတပ်ဖွဲ့ အနေဖြင့် လည်း ပြည်သူ့အကျိုးကို လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်သူကို ဥပဒအရအပြည့်အဝ ကာကွယ်ပေးနိုင်ရေး အတွက် ဥပဒေစိုးမိုးရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် ပြည်သူယုံကြည်အားကိုးသော ရဲတပ်ဖွဲ့ဖြစ်ရေးအတွက် အရှိန်မြှင့် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအေ  ကြာင်းကို ဆွေးနွေးပြီး ဝိုင်းဝန်းဆွေးနွေးပေးခဲ့မှုများအတွက် ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment