Friday, August 29, 2014

စက်ရေတွင်း၊ ရေသန့်စက်ရုံလှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း တို့အတွက် ရေစက်ချပွဲနှင့် ရှေးဟောင်း ပရပိုက်များ လှူဒါန်းပွဲကျင်းပ


စက်ရေတွင်း၊ ရေသန့်စက်ရုံ လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းတို့အတွက် ရေစက်ချပွဲနှင့် ရှေးဟောင်း ပရပိုက်များပေးအပ်လှူဒါန်း ပွဲကို ဩဂုတ် ၁၈ ရက် နံနက် ၁၁း၀၀ နာရီအချိန် က မန္တ္တလေးတိုင်း ဒေသကြီး ၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာ အ.ထ.က၌ ကျင်းပပြုလုပ်ခဲ့ရာ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ၊ မလှိုင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်၊ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ မလှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၊မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည် ။

ရှေးဦးစွာ နမောတသ သုံးကြိမ်ရွတ်ဆို၍ အခမ်းနားကိုဖွင့်လှစ်ပေးပြီး ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်ဦးဆောင်၍ ပင့်သံဃာ(၁၂)ပါးတို့အားနေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းပြီး ဝါဆိုသင်္ကန်းများ နှင့်လှူဖွယ် ပစ္စည်းများ လှူဒါန်းခဲ့ကြသည် ။ ထို့နောက် ရွာတန်းရှည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ လှူဒါန်းသောရှေးဟောင်း ပရပိုက် များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်မှတဆင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင် ထံပေးအပ်လှူဒါန်းခဲ့သည် ။
တဆက်တည်း ဒုတိယဝန်ကြီးမှ ပန်းအိုင် အ.ထ.က.ကျောင်းအတွက် စာရေးကိရိယာ၊ဗလာစာအုပ်နှင့် အလှူငွေကျပ် (၅)သိန်း ၊ မလှိုင်မြို့ ဗလငါးတန်လူမှုရေးအသင်းသို့ အလှူငွေ ကျပ်(၅)သိန်းကို ပေးအပ်ခဲ့ပြီး စက်ရေတွင်း၊ ရေသန့် စက်ရုံ လှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်း ကပ်လှူဒါန်းခြင်း အစုစုတို့အတွက် ရေစက်ချတရားကို မလှိုင်မြို့ လေးမျက်နှာကျောင်းတိုက် ပဓါန နာယက ဆရာတော် ဦးဓမ္မိကထံမှနာယူ ခဲ့ပြီးရေစက်ချအမျှတန်းများ ပေးဝေခဲ့ကြောင်းသိရသည် ။

No comments:

Post a Comment