နေပြည်တော် သြဂုတ်
၂၉
ကျန်းမာရေးဝန်ကြီးဌာနမှ ကူးစက်မြန်အီဘိုဘာရောဂါ
စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုထိရောက် စွာ ဆောင်ရွက်လျက်ရှိရာ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင်
တက်ရောက် ကုသလျက်ရှိသော သံသယလူနာ အား ပြင်းထန်ငှက်ဖျားရောဂါ (Severe and
Complicated Malaria with Mixed Infection of Plasmodium falciparum and Plasmodium
vivax) အဖြစ် သတ်မှတ်၍ အထူးကုဆရာဝန်ကြီးများမှ ကြီးကြပ်ကုသ ပေးလျက်ရှိရာ ကျန်းမာရေးအခြေအနေ
သိသာစွာ ကောင်းမွန်လာကြောင်း တွေ့ရှိရပြီး၊ လူနာနှင့်နီးကပ် ထိတွေ့သူ (၄) ဦး၏ ကျန်းမာရေးအခြေအနေမှာ
လုံးဝကောင်းမွန်လျက်ရှိပါသည်။
အဆိုပါလူနာနှင့် အနီးကပ်ထိတွေ့သူ (၄) ဦး စုစုပေါင်း (၅) ဦး၏ ဓာတ်ခွဲနမူနာများကို
အီဘိုလာရောဂါပိုး ရှိ-မရှိ စစ်ဆေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊
IATA တို့နှင့် ညှိနှိုင်း၍ (၂၉-၈-၂၀၁၄) ရက်နေ့တွင် ဥရောပတိုက်ရှိ ရည်ညွှန်းဓာတ်ခွဲခန်းသို့
ပေးပို့ထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
No comments:
Post a Comment