Friday, August 8, 2014

တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု (Third Wave) လုပ်ငန်းများရှင်းလင်း

နေပြည်တော်-ဩဂုတ် ၈
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းသည် မွန်ပြည်နယ်ရှိ ပြည်နယ်နှင့် ခရိုင်/မြို့နယ် အဆင့် အရာထမ်း တာဝန်ခံများနှင့် ဩဂုတ်(၇)ရက် နံနက်(၁၀)နာရီတွင် မော်လမြိုင်မြို့ မြန်မာ့နှစ် ရှည်ပင်များ အသုံးချ
  သုတေသနဌာန၌တွေ့ဆုံ၍ နိုင်ငံတော်ဖွံ့ဖြိုး ရေးလုပ်ငန်းများ တတိယအဆင့် (Third Wave) အရှိန် အဟုန်မြှင့် တင်ကာ  တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပေါင်းစပ် ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ကြရန်၊ တောင်သူ လယ်သမားများ အတွက် စိုက်ပျိုးရေရရှိရေး၊ ရေကြီးနစ်မြှုပ်မှုကာကွယ် ရေး၊ မျိုးကောင်းမျိုးသန့် လုံလောက်စွာရရှိရေး၊ တောင်သူ လယ်သမားများအား  အရင်းအနှီးလိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးရန် မှာကြားသည်။

No comments:

Post a Comment