Friday, August 8, 2014

စက်မှုကဏ္ဍတွင် စွမ်းအင်ထိရောက်စွာ အသုံးပြုမှု မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်-ဩဂုတ် ၈
စက်မှုကဏ္ဍတွင် စွမ်းအင်ထိရောက်စွာ အသုံးပြုမှု မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီ တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က စက်မှုကဏ္ဍအတွင်း စွမ်းအင် ထိရောက်စွာ အသုံးချမှု မြှင့်တင်ရေးအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများ စွမ်းဆောင်ရည် မြှင့်တင်မှုများနှင့် လက်တွေ့ အကောင် အထည် ဖော်ဆောင်မည့် စက်ရုံ၊ အလုပ်ရုံများကို အကူအညီပေးရေးအတွက် ရည်ရွယ် လုပ်ဆောင်သော ဆွေးနွေး ပွဲဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အသေးစား အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူများ၊ UNIDO မှ တာဝန်ရှိသူများ၊ စက်မှုဇုန်များမှ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment