Saturday, August 9, 2014

အာဆီယံအသိုက်အဝန်းထူးထောင်မှု အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည် (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲနှင့် (၄၇)ကြိမ်မြောက် အာဆီယံနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၁ (MICC – 1) တွင် ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ေ၇ာက်မိန့်ခွန်းပြောကြားသည်။ အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ဝန်ကြီးများ၊ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဇနီးများ၊ ပါပူဝါးနယူးဂီနီ၊ တီမောလက်စ်တေနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ၊ နော်ဝေနှင့် တူရကီနိုင်ငံတို့မှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်း ဆိုင်ရာ ကော်မရှင်ကိုယ်စားလှယ်များ၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သံစုံတီးဝိုင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) တို့မှ ကျောင်းသား ကျောင်းသူများက အာဆီယံသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားရာတွင် ယခုကဲ့သို့ (၄၇)ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနားနှင့် (၄၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ နှစ်စဉ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တိုက်ဆိုင်မှုသည် အာဆီယံသမိုင်းတွင် ထူးခြားသည့် တိုက်ဆိုင်မှုတစ်ရပ်ဖြစ်ပါကြောင်း။ လွန်ခဲ့သော (၄၇)နှစ်က အာဆီယံသည် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများမှစတင် ခဲ့ပြီး ယနေ့တွင် အရှေ့တောင် အာရှဒေသတွင် ရှိသည့်နိုင်ငံ ၁၀ နိုင်ငံပါဝင်သည့် အဖွဲ့ကြီးတစ်ခု ဖြစ်လာပါကြောင်း၊ ပထမဦးစွာ မိမိအနေဖြင့် မိမိတို့အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် လွတ်လပ်မျှတသည့် သမ္မတရွေးကောက်ပွဲကို ငြိမ်းချမ်းအောင်မြင်စွာ ကျင်းပနိုင် ခဲ့ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း။ လွန်ခဲ့သည့် (၄၇)နှစ်အတွင်း အာဆီယံနိုင်ငံများသည် ဆင်းရဲ နွမ်းပါးမှုများ၊ ပြည်တွင်းပဋိပက္ခများ၊ စီးပွားရေး အကျပ်အတည်းများ၊ သဘာဝဘေး အန္တရာယ်များ၊ အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှုများကို ရင်ဆိုင် ကြံ့ကြံ့ခံပြီး ကျော်လွှားနိုင်ခဲ့ ပါကြောင်း၊ အာဆီယံနိုင်ငံများသည် စုပေါင်းကြိုးပမ်းမှုနှင့် တစ်ဦးချင်း ကြိုးပမ်း မှုများမှ ကမ္ဘာ့အသိုက်အဝန်း အတွင်းတွင် စုစည်းမှုရှိသော၊ စီးပွားရေး ရှင်သန်တိုးတက်သော၊ လူမှုရေးအရ ကူညီစောင့်ရှောက် တတ်သော၊ နိုင်ငံရေးအရ ငြိမ်းချမ်း တည်ငြိမ်ပြီး သာယာဝပြောသော အသိုက်အဝန်း ထူထောင်မှုကို ကြိုးပမ်းနိုင်ခဲ့ကြပါကြောင်း၊ စစ်မက်ဘေးက ကင်းဝေးပြီး အေးချမ်း တည်ငြိမ်မှုသည် အာဆီယံ၏ အခြေခံ သရုပ်လက္ခဏာဖြစ်ပြီး ငြိမ်းချမ်းတည်ငြိမ်မှုကြောင့်လည်း စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ပြည်သူများ၏ သာယာ ၀ပြောမှုကို ဆောင်ကြဉ်းနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။ အာဆီယံသည် ယခုဆိုလျှင် လူဦးရေ ၆၀၉ သန်းရှိသည့် ဈေးကွက် ကြီးဖြစ်လာပြီး စုစုပေါင်း ကုန်ထုတ် တန်ဖိုး GDP သည် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံမျှ ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ အာဆီယံ၏ စီးပွားရေးတိုးတက်မှုသည် ကမ္ဘာ့ စီးပွားရေးကျဆင်းမှု၊ ယူရိုငွေကြေး ဈေးကွက်၏ အကျပ်အတည်းများ ကြားမှာပင် နှစ်စဉ် ပျမ်းမျှ ငါးရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ပါကြောင်း၊ မကြာမီ အာဆီယံသည် တစ်ခုတည်းသော စရိုက်လက္ခဏာ၊ တစ်ခုတည်းသော မျှော်မှန်းချက်၊ တစ်ခုတည်းသော အသိုက်အဝန်းဆို သည့် အာဆီယံ၏ ဆောင်ပုဒ်နှင့်အညီ အောင်မြင်သော ဒေသဆိုင်ရာအဖွဲ့ အစည်းတစ်ခုအဖြစ် ပေါ်ထွန်းလာ တော့မည်ဖြစ်ပါကြောင်း။ ယင်းမျှော်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ၏ ယခုနှစ်ဆောင်ပုဒ်ကို ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီဟု သတ်မှတ်ခဲ့ပြီး ငြိမ်းချမ်းသာယာသည့် အာဆီယံ အသိုက်အဝန်း တစ်ရပ်ဆီသို့ မမှိတ်မသုန် ရှေးရှုပြီး ရှေ့သို့ ဆက်လက် ချီတက်ရန် တပ်လှန့်ခဲ့ခြင်းဖြစ်ပါကြောင်း။ ယနေ့ ကမ္ဘာ့အခြေအနေများကို ကြည့်ပါက စိုးရိမ်မကင်းဖွယ် မတည်မငြိမ်မှုများစွာကို တွေ့ရပါကြောင်း၊ အာဆီယံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို စုပေါင်းထိန်းသိမ်းနိုင်ရေးအတွက် အာဆီယံကို အခြေခံပြီး ဦးဆောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာနိုင်ငံရေးနှင့် လုံခြုံရေး မူဘောင် များကို အသစ်တစ်ဖန် စဉ်းစားသည့်နေရာတွင်လည်း လက်ရှိမိမိတို့အားလုံး လိုက်နာကျင့်သုံး နေသည့် အရှေ့တောင် အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ပါအချက်များကို အခြေခံသင့်သည်ဟု ယူဆပါကြောင်း။ ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာ ၀ပြောစေရန်အတွက် ဘာသာရေး၊ လူမျိုးရေးတို့တွင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မှု၊ သဟဇာတမျှတမှု၊ သည်းခံစိတ်များ မြှင့်တင်မှုတို့ကို အလေးထားဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ အစွန်းတရားများကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာ နေထိုင်လိုမှု၊ မေတ္တာ၊ စေတနာ စိတ်ထားကို လွှမ်းမိုးစေရမည်ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင်လည်း ယင်းဝါဒများ ထွန်းကားလာမှုနှင့် နောက်ကွယ် အကြောင်းအရာများကို လေ့လာ ဖော်ထုတ်ဖြေရှင်းပေးသွား ကြရမည်ဖြစ်ပါကြောင်း။ သတင်းနှင့်အချက်အလက် နည်းပညာများကြောင့် ကမ္ဘာတစ်ဝန်း လွှမ်းခြုံပျံ့နှံ့မှုဖြစ်စဉ်နှင့် အပြန်အလှန်မှီခို အကျိုးသက်ရောက်မှုများ ဖြစ်လာသည့်အချိန်တွင် အမုန်းတရားပွားများစေမည့် သတင်းများကို လူနည်းစုက ဖြန့်ဝေလာသကဲ့သို့ ငြိမ်းချမ်းမှုကို လိုလားသည့် လူအများစုကလည်း ငြိမ်းချမ်းမှုနှင့် မေတ္တာ တရားကိုပွားများစေမည့် သတင်း စကားများကို တုံ့ပြန်ပွားများ စေရမည်ဖြစ်ပါကြောင်း၊ အာဆီယံ အနေဖြင့် ရှေ့သို့တူညီတက်လှမ်းချီရာတွင် ပထမဦးဆုံး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းသည် အာဆီယံ အသိုက်အဝန်းထူထောင်မှုပင်ဖြစ်ပါကြောင်း။ အာဆီယံအသိုက် အဝန်းထူထောင် မှုသည် လက်ရှိအခြေအနေတွင် ၈၀ ရာခိုင်နှုန်းမျှ ပြီးစီးနေပြီး လာမည့် ၁၇ လအတွင်းတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း၊ ၂၀၁၄ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်းတွင် နေပြည်တော် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး အာဆီယံအသိုက် အဝန်းထူထောင်ရေးလုပ်ငန်းများကို မဆုတ်မနစ်တက်ကြွစွာ အကောင် အထည် ဖော်ကြရန် မိမိတို့၏ သန္နိဋ္ဌာန်ချမှုများကို ထပ်လောင်းအတည်ပြုခဲ့ ကြပြီးဖြစ်ပါကြောင်း။ အာဆီယံအတွက် ဒုတိယဦးစားပေး ဆောင်ရွက်ရမည့် အချက်သည်အာဆီယံ၏ ဖွဲ့စည်းမှုကို ပိုမိုခိုင်မာ စေရေး ပင်ဖြစ်ပါကြောင်း၊ အာဆီယံ ကို ၂၀၀၈ ခုနှစ် အာဆီယံပဋိညာဉ် စာတမ်းအရ စည်းမျဉ်းစည်းကမ်းကို အခြေခံ သည့် အဖွဲ့အစည်းတစ်ခု အဖြစ် အသွင်ပြောင်းခဲ့ရာတွင် အာဆီယံ၏ အဓိကအဖွဲ့အစည်း များ၏ ခိုင်မာမှု၊ အာဆီယံအဖွဲ့ အစည်းအချင်းချင်း ပေါင်းစပ်ညှိနှိုင်း မှုများကို တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ အာဆီယံ၏ တတိယဦးစားပေးရမည့် အချက်သည် အာဆီယံသည် ပြောင်းလဲနေသည့် ကမ္ဘာ၏ ပကတိ အခြေအနေများနှင့် တိုးတက်ဖြစ်ပေါ် လာသည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ အနေအထားများနှင့်အညီ တုံ့ပြန်ပြောင်းလဲနိုင်စေရေး ဖြစ်ပါကြောင်း၊ သို့မှသာ အာဆီယံသည် နိုင်ငံတကာအသိုက် အဝန်းအတွင်းတွင် အရေးပါပြီး ခိုင်မာသည့်အဖွဲ့ အစည်းတစ်ရပ် ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ဤမျှော်မှန်းချက်သည် အာဆီယံကို ကမ္ဘာ့အမြင်ရှိသည့်အဖွဲ့ အစည်းဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်း အတွင်းတွင် တက်ကြွ နိုးကြားမှုရှိသည့် အဖွဲ့အစည်းဖြစ် လာစေမည်ဖြစ်ပြီး စိန်ခေါ်မှုများကိုလည်း ကျော်လွှားနိုင်စေမည်ဖြစ်ပါ ကြောင်း။ ထို့ကြောင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက်ကို ချမှတ်နိုင်မှုသည် များစွာအရေးကြီးပါကြောင်း၊ အများပါဝင်နိုင်ပြီး ပြည်သူကိုဗဟိုပြုသည့် အာဆီယံသည် ကျယ်ပြန့်သည့် စီးပွားတိုးတက်မှုကို ရရှိရမည်ဖြစ်ပြီး အခွင့်အရေးနည်းပါးသည့် လူ့အဖွဲ့ အစည်း အစိတ်အပိုင်းများအထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကို ခံစားနိုင်စေရမည်ဖြစ်ပါကြောင်း၊ ဤမျှတသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုရရှိရန် အာဆီယံ အနေဖြင့် အာဆီယံပေါင်းစည်းရေး ဆိုင်ရာ ကြိုးပမ်းမှုနှင့်ဖွံ့ဖြိုးမှုကွာဟ မှုများ လျော့နည်းနေမှုများကို ကြိုးပမ်းခဲ့ ကြပါကြောင်း၊ ထိုသို့သော ကြိုးပမ်းမှုများကြောင့် အဖွဲ့ဝင်နိုင်ငံ သစ်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများ၏ အာဆီယံ၏ စုစုပေါင်း GDP တွင် ပါဝင်မှုနှုန်းသည် ၂၀၀၉ ခုနှစ်၌ ခြောက်ရာခိုင်နှုန်းမှ ၂၀၁၃ ခုနှစ်၌ ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လာ သည်ကို အားရဖွယ်တွေ့ရှိရပါကြောင်း။ အာဆီယံ၏ပေါင်းစည်းမှု၊ တူညီသည့်အခွင့်အလမ်းများနှင့် အာဆီယံကို ပြိုင်ဆိုင်နိုင်စွမ်းရှိသည့် ဒေသ ဖြစ်ပေါ်စေရန်ကိစ္စတွင် အထူးအရေးကြီးသည့် ကိစ္စဖြစ်ပါကြောင်း၊ အာဆီယံဆက်သွယ်ရေး မဟာ စီမံကိန်းကို မဖြစ်မနေ အကောင် အထည်ဖော်ကြရန်ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် ရှေ့သို့တူညီ တက်လှမ်းချီရာတွင် စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်ကျော်လွန် သွားနိုင်ရေးကို ပြင်ဆင် ထားကြရန် ဖြစ်ပါကြောင်း၊ ယင်းစိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများအနက် ကမ္ဘာတစ်ဝန်းလုံးနှင့်အတူ ရင်ဆိုင်နေရသည့် ပြဿနာသည် ရာသီဥတု ပြောင်းလဲမှုများနှင့် အလွန်အမင်း ရာသီဥတုဖောက်ပြန်မှုများကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုများပင်ဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မိမိအနေဖြင့် ပြီးခဲ့သည့် (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အရေးယူ ဆောင်ရွက်သင့်သည့် အချက်များကို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါအချက်များကို ဆက်လက် အကောင်အထည်ဖော် ပေးကြရန် တိုက်တွန်းလိုပါကြောင်း။ ငြိမ်းချမ်း သာယာသည့် အာဆီယံ အသိုက်အဝန်းဖြစ်ပေါ်စေရန်၊ အမြဲရှင်သန် နေသည့် အဖွဲ့အစည်းဖြစ်ပေါ် စေရန်၊ စီးပွားရေးအားဖြင့် ရှင်သန်သွက်လက်သည့် အဖွဲ့အစည်းဖြစ်စေရန်၊ အာဆီယံပြည်သူများကို ဗဟိုပြုသည့် အာဆီယံဖြစ်စေရန်၊ နိုင်ငံတကာ အသိုက်အဝန်းအလယ်တွင် ဂုဏ်ယူတင့်တယ်စွာ ရပ်တည်နိုင် သည့် ဒေသဆိုင်ရာအဖွဲ့ အစည်းတစ်ရပ်ဖြစ်စေရန်၊ ရှေ့သို့တူညီ တက်လှမ်းချီကြရန် ယခုလို (၄၇) ကြိမ်မြောက် အာဆီယံအခါသမယတွင် အာဆီယံနိုင်ငံအားလုံးကို တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမှာစကားပြောကြား ရာတွင် အာဆီယံသည် အာဆီယံအသိုက်အဝန်း၏ စင်မြင့်သစ်အတွက် လက်တစ်ကမ်းအနေအထား၌ ရှိနေ သည်ဖြစ်ရာ မိမိတို့၏ ရည်မှန်းချက်များ အချိန်မီပြည့်မီအောင် လုပ်ဆောင်ရန် အထူးအရေးကြီးပါကြောင်း၊ ယခုအချိန်သည် မိမိတို့၏အတိတ်ကာလကရရှိခဲ့သော ဂုဏ်သတင်းကို ပြန်လည်သုံးသပ်ရန် သာမက ပွင့်လင်းစွာ ပြန်လည်သုံးသပ်ရမည့်အချိန်ဖြစ်သည့် အပြင်မိမိတို့ အနာဂတ်အတွက်ပါ အစီအစဉ် ချမှတ်ရမည့် အချိန်လည်း ဖြစ်ပါကြောင်း။ ဤသည်မှာ ၂၀၁၅ ခုနှစ်တွင်နိုင်ငံရေးအရ စည်းလုံးသော၊ စီးပွားရေးအရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်ယူသော အာဆီယံအသိုက်အဝန်း တစ်ခု ပေါ်ပေါက်ရေး အတွက် မိမိတို့၏ စုပေါင်းအားထုတ် မှုများကို တွန်းအားပေးရန်ဖြစ်ပါကြောင်း။ မိမိတို့၏ အင်စတီကျူးရှင်းများနှင့် ပြည်ပဆက်ဆံရေးများ မြှင့်တင်ရန်အတွက် ပြန်လည်သုံးသပ်သော အာဆီယံ လုပ်ငန်းစဉ်များ ကောင်းစွာ တိုးတက်နေကြောင်းကို အထူးဝမ်းမြောက်စွာ အသိပေးလိုပါကြောင်း။ အာဆီယံအသိုက်အဝန်း၏ အနာဂတ်အတွက် ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းချက်ကို ပုံဖော်ရာတွင် တိုးတက်မှုများ ရရှိနေမှုကြောင့်ဝမ်းမြောက်မှုဖြစ်ရပါကြောင်း၊ ဤကြိုးပမ်းမှုများသည် မိမိတို့ပြည်သူ များ၏ ဆန္ဒများအားဖြည့်ဆည်း ပေးရေးနှင့် အာဆီယံ စည်းလုံးညီညွတ် ရေးတို့အတွက် အထောက်အကူဖြစ် မည်ဟု ယုံကြည်ပါကြောင်း။ အာဆီယံသည် အာဆီယံပဋိညာဉ် စာတမ်း၊ ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်(TAC) နှင့် အရှေ့ တောင်အာရှ နျူကလီးယား လက်နက်ကင်းရှင်းရေးဇုန်စာချုပ် (SEANWFZ Treaty) ကဲ့သို့သော အရေးပါသည့် နိုင်ငံရေးဆိုင်ရာ စာချုပ်စာတမ်းများကို ဖော်ဆောင်နိုင် ခဲ့ပါကြောင်း၊ အများသဘောတူညီ ချက်ဖြင့် ဆုံးဖြတ်ချက်ချမှု၊ ညှိနှိုင်းတိုင်ပင်ရေးဆိုင်ရာ အခြေခံမူများနှင့် အညီဆောင်ရွက်မှု၊ အားလုံးကြွယ်ဝ ချမ်းသာမှု တို့ပါဝင်ပါကြောင်း၊ ယင်းတို့မှာ အာဆီယံ၏ အမှတ်သင်္ကေတများ ဖြစ်လာခဲ့သည့်အပြင် ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အထောက်အကူပြုပါကြောင်း။ သို့သော်လည်း မိမိတို့၏ကြိုးပမ်းမှုများသည် စိန်ခေါ်မှုများနှင့် မလွတ်ကင်းပါကြောင်း၊ ယနေ့ အာဆီယံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများသည်ရှုပ်ထွေးပြီး ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အပြင် နိုင်ငံ အားလုံးနှင့် သက်ဆိုင်နေသော ကိစ္စများဖြစ်သဖြင့် ပိုမိုပြည့်စုံသော အဖြေများရရှိရန် လိုအပ်နေပါကြောင်း။ မိမိတို့၏ စုစည်းညီညွတ်မှုဖြင့် ပြောင်းလဲနေသော ဒေသဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေးရှုခင်းများနှင့် အညီ အာဆီယံ၏ခွန်အားကို တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း။ စုပေါင်းလုပ်ဆောင်မှုဖြင့် ရှေ့သို့ ချီတက်ရာတွင် မိမိတို့သည် ဒေသဆိုင်ရာငြိမ်းချမ်းရေး၊ စည်ပင်သာယာ ၀ပြောရေးနှင့် လူမှုရေးအရ သဟ ဇာတရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်း ကြရမည် ဖြစ်ပါကြောင်း၊ အာဆီယံ၏လုပ်ငန်းစဉ်များ ပိုမို ထိရောက်ရေးနှင့် ခိုင်မာသော ပြည်ပဆက်ဆံရေးတို့အတွက် ကြိုးပမ်းရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက် ကြခြင်းဖြင့် ကမ္ဘာကြီးနှင့်အတူ အပြုသဘောပြောင်းလဲမှုအတွက် ဆက်လက်ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတ၊ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်တို့သည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ အနုပညာရှင်များက 'ညီညွတ် သော အာဆီယံ' တေးသီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲနှင့် (၄၇)ကြိမ်မြောက် အာဆီယံနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၁ (MICC – 1) တွင် ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ေ၇ာက်မိန့်ခွန်းပြောကြားသည်။





အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု လွှတ်တော်နာ ယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ဝန်ကြီးများ၊ အာဆီယံနိုင်ငံ များမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် ဇနီးများ၊ ပါပူဝါးနယူးဂီနီ၊ တီမောလက်စ်တေနှင့် မွန်ဂိုလီးယားနိုင်ငံ တို့မှ နိုင်ငံခြားရေး ဝန်ကြီးများ၊ နော်ဝေနှင့် တူရကီနိုင်ငံတို့မှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်း ဆိုင်ရာ ကော်မရှင်ကိုယ်စားလှယ်များ၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သံစုံတီးဝိုင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) တို့မှ ကျောင်း သား ကျောင်းသူများက အာဆီယံသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားရာတွင် ယခုကဲ့သို့ (၄၇)ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနားနှင့် (၄၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ နှစ်စဉ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တိုက်ဆိုင်မှုသည် အာဆီယံသမိုင်းတွင် ထူးခြားသည့် တိုက်ဆိုင်မှုတစ်ရပ်ဖြစ်ပါကြောင်း။
လွန်ခဲ့သော (၄၇)နှစ်က အာဆီယံသည် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများမှစတင် ခဲ့ပြီး ယနေ့တွင် အရှေ့တောင် အာရှဒေသတွင် ရှိသည့်နိုင်ငံ ၁၀ နိုင်ငံပါဝင်သည့် အဖွဲ့ကြီးတစ်ခု ဖြစ်လာပါကြောင်း၊ ပထမဦးစွာ မိမိအနေဖြင့် မိမိတို့အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် လွတ်လပ်မျှတသည့် သမ္မတရွေးကောက်ပွဲကို ငြိမ်းချမ်းအောင်မြင်စွာ ကျင်းပနိုင် ခဲ့ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း။
လွန်ခဲ့သည့် (၄၇)နှစ်အတွင်း အာဆီယံနိုင်ငံများသည် ဆင်းရဲ နွမ်းပါးမှုများ၊ ပြည်တွင်းပဋိပက္ခများ၊ စီးပွားရေး အကျပ်အတည်းများ၊ သဘာဝဘေး အန္တရာယ်များ၊ အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှုများကို ရင်ဆိုင် ကြံ့ကြံ့ခံပြီး ကျော်လွှားနိုင်ခဲ့ ပါကြောင်း၊ အာဆီယံနိုင်ငံများသည် စုပေါင်းကြိုးပမ်းမှုနှင့် တစ်ဦးချင်း ကြိုးပမ်း မှုများမှ ကမ္ဘာ့အသိုက်အဝန်း အတွင်းတွင် စုစည်းမှုရှိသော၊ စီးပွားရေး ရှင်သန်တိုးတက်သော၊ လူမှုရေးအရ ကူညီစောင့်ရှောက် တတ်သော၊ နိုင်ငံရေးအရ ငြိမ်းချမ်း တည်ငြိမ်ပြီး သာယာဝပြောသော အသိုက်အဝန်း ထူထောင်မှုကို ကြိုးပမ်းနိုင်ခဲ့ကြပါကြောင်း၊ စစ်မက်ဘေးက ကင်းဝေးပြီး အေးချမ်း တည်ငြိမ်မှုသည် အာဆီယံ၏ အခြေခံ သရုပ်လက္ခဏာဖြစ်ပြီး ငြိမ်းချမ်းတည်ငြိမ်မှုကြောင့်လည်း စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ပြည်သူများ၏ သာယာ ၀ပြောမှုကို ဆောင်ကြဉ်းနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။
အာဆီယံသည် ယခုဆိုလျှင် လူဦးရေ ၆၀၉ သန်းရှိသည့် ဈေးကွက် ကြီးဖြစ်လာပြီး စုစုပေါင်း ကုန်ထုတ် တန်ဖိုး GDP သည် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံမျှ ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ အာဆီယံ၏ စီးပွားရေးတိုးတက်မှုသည် ကမ္ဘာ့ စီးပွားရေးကျဆင်းမှု၊ ယူရိုငွေကြေး ဈေးကွက်၏ အကျပ်အတည်းများ ကြားမှာပင် နှစ်စဉ် ပျမ်းမျှ ငါးရာခိုင်နှုန်း ထက် ကျော်လွန်ခဲ့ပါကြောင်း၊ မကြာမီ အာဆီယံသည် တစ်ခုတည်းသော စရိုက်လက္ခဏာ၊ တစ်ခု တည်းသော မျှော်မှန်းချက်၊ တစ်ခုတည်းသော အသိုက်အဝန်းဆို သည့် အာဆီယံ၏ ဆောင်ပုဒ်နှင့် အညီ အောင်မြင်သော ဒေသဆိုင်ရာအဖွဲ့ အစည်းတစ်ခုအဖြစ် ပေါ်ထွန်းလာ တော့မည်ဖြစ်ပါကြောင်း။
ယင်းမျှော်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ၏ ယခုနှစ်ဆောင်ပုဒ်ကို ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီဟု သတ်မှတ်ခဲ့ပြီး ငြိမ်းချမ်းသာယာသည့် အာဆီယံ အသိုက်အဝန်း တစ်ရပ်ဆီသို့ မမှိတ်မသုန် ရှေးရှုပြီး ရှေ့သို့ ဆက်လက် ချီတက်ရန် တပ်လှန့်ခဲ့ခြင်းဖြစ်ပါကြောင်း။
ယနေ့ ကမ္ဘာ့အခြေအနေများကို ကြည့်ပါက စိုးရိမ်မကင်းဖွယ် မတည်မငြိမ်မှုများစွာကို တွေ့ရပါကြောင်း၊ အာဆီယံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို စုပေါင်းထိန်းသိမ်းနိုင်ရေးအတွက် အာဆီယံကို အခြေခံပြီး ဦးဆောင် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာနိုင်ငံရေးနှင့် လုံခြုံရေး မူဘောင် များကို အသစ်တစ်ဖန် စဉ်းစားသည့်နေရာတွင်လည်း လက်ရှိမိမိတို့အားလုံး လိုက်နာကျင့်သုံး နေသည့် အရှေ့တောင် အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ပါအချက်များကို အခြေခံသင့်သည်ဟု ယူဆပါကြောင်း။
ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာ ၀ပြောစေရန်အတွက် ဘာသာရေး၊ လူမျိုးရေးတို့တွင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မှု၊ သဟဇာတမျှတမှု၊ သည်းခံစိတ်များ မြှင့်တင်မှုတို့ကို အလေးထားဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ အစွန်းတရားများကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာ နေထိုင်လိုမှု၊ မေတ္တာ၊ စေတနာ စိတ်ထားကို လွှမ်းမိုးစေရမည်ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင်လည်း ယင်းဝါဒများ ထွန်းကားလာမှုနှင့် နောက်ကွယ် အကြောင်းအရာများ ကို လေ့လာ ဖော်ထုတ်ဖြေ ရှင်းပေးသွား ကြရမည်ဖြစ်ပါကြောင်း။ သတင်းနှင့်အချက်အလက် နည်းပညာများကြောင့် ကမ္ဘာတစ်ဝန်း လွှမ်းခြုံပျံ့နှံ့မှုဖြစ်စဉ်နှင့် အပြန်အလှန်မှီခို အကျိုးသက်ရောက်မှုများ ဖြစ်လာသည့်အချိန်တွင် အမုန်းတရားပွားများစေမည့် သတင်းများကို လူနည်း စုက ဖြန့်ဝေလာသကဲ့သို့ ငြိမ်းချမ်းမှုကို လိုလားသည့် လူအများစုကလည်း ငြိမ်းချမ်းမှုနှင့် မေတ္တာ တရားကိုပွားများစေမည့် သတင်း စကားများကို တုံ့ပြန်ပွားများ စေရမည်ဖြစ်ပါကြောင်း၊ အာဆီယံ အနေဖြင့် ရှေ့သို့တူညီတက်လှမ်းချီရာတွင် ပထမဦးဆုံး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းသည် အာဆီယံ အသိုက်အဝန်းထူထောင်မှုပင်ဖြစ်ပါကြောင်း။
အာဆီယံအသိုက် အဝန်းထူထောင် မှုသည် လက်ရှိအခြေအနေတွင် ၈၀ ရာခိုင်နှုန်းမျှ ပြီးစီးနေပြီး လာမည့် ၁၇ လအတွင်းတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း၊ ၂၀၁၄ ခုနှစ် မေလအတွင်းက ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်းတွင် နေပြည်တော် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး အာဆီယံအသိုက် အဝန်းထူထောင်ရေးလုပ်ငန်းများကို မဆုတ်မနစ်တက်ကြွစွာ အကောင် အထည် ဖော်ကြရန် မိမိတို့၏ သန္နိဋ္ဌာန်ချမှုများကို ထပ်လောင်းအတည်ပြုခဲ့ ကြပြီးဖြစ်ပါကြောင်း။
အာဆီယံအတွက် ဒုတိယဦးစားပေး ဆောင်ရွက်ရမည့် အချက်သည်အာဆီယံ၏ ဖွဲ့စည်းမှုကို ပိုမိုခိုင်မာ စေရေး ပင်ဖြစ်ပါကြောင်း၊ အာဆီယံ ကို ၂၀၀၈ ခုနှစ် အာဆီယံပဋိညာဉ် စာတမ်းအရ စည်းမျဉ်းစည်းကမ်းကို အခြေခံ သည့် အဖွဲ့အစည်းတစ်ခု အဖြစ် အသွင်ပြောင်းခဲ့ရာတွင် အာဆီယံ၏ အဓိကအဖွဲ့အစည်း များ၏ ခိုင်မာမှု၊ အာဆီယံအဖွဲ့ အစည်းအချင်းချင်း ပေါင်းစပ်ညှိနှိုင်း မှုများကို တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
အာဆီယံ၏ တတိယဦးစားပေးရမည့် အချက်သည် အာဆီယံသည် ပြောင်းလဲနေသည့် ကမ္ဘာ၏ ပကတိ အခြေအနေများနှင့် တိုးတက်ဖြစ်ပေါ် လာသည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ အနေအထားများနှင့်အညီ တုံ့ပြန်ပြောင်းလဲနိုင်စေရေး ဖြစ်ပါကြောင်း၊ သို့မှသာ အာဆီယံသည် နိုင်ငံတကာအသိုက် အဝန်းအတွင်းတွင် အရေးပါပြီး ခိုင်မာသည့်အဖွဲ့ အစည်းတစ်ရပ် ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ဤမျှော်မှန်းချက်သည် အာဆီယံကို ကမ္ဘာ့အမြင်ရှိသည့်အဖွဲ့ အစည်းဒေသ တွင်းနှင့် နိုင်ငံတကာအသိုက်အဝန်း အတွင်းတွင် တက်ကြွ နိုးကြားမှုရှိသည့် အဖွဲ့အစည်းဖြစ် လာစေမည်ဖြစ်ပြီး စိန်ခေါ်မှုများကို လည်း ကျော်လွှားနိုင်စေမည်ဖြစ်ပါ ကြောင်း။
ထို့ကြောင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက်ကို ချမှတ်နိုင်မှုသည် များစွာအရေးကြီးပါကြောင်း၊ အများပါဝင်နိုင်ပြီး ပြည်သူကိုဗဟိုပြုသည့် အာဆီယံသည် ကျယ်ပြန့်သည့် စီးပွားတိုးတက်မှုကို ရရှိရမည်ဖြစ်ပြီး အခွင့်အရေးနည်း ပါးသည့် လူ့အဖွဲ့ အစည်း အစိတ်အပိုင်းများအထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကို ခံစားနိုင်စေရမည်ဖြစ်ပါကြောင်း၊ ဤမျှတသည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုရရှိရန် အာဆီယံ အနေဖြင့် အာဆီယံပေါင်းစည်းရေး ဆိုင်ရာ ကြိုးပမ်းမှုနှင့်ဖွံ့ဖြိုး မှုကွာဟ မှုများ လျော့နည်းနေမှုများကို ကြိုးပမ်းခဲ့ ကြပါကြောင်း၊ ထိုသို့သော ကြိုးပမ်းမှုများကြောင့် အဖွဲ့ဝင်နိုင်ငံ သစ်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများ၏ အာဆီယံ၏ စုစုပေါင်း GDP တွင် ပါဝင်မှုနှုန်းသည် ၂၀၀၉ ခုနှစ်၌ ခြောက်ရာခိုင်နှုန်းမှ ၂၀၁၃ ခုနှစ်၌ ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လာ သည်ကို အားရဖွယ်တွေ့ရှိရပါကြောင်း။
အာဆီယံ၏ပေါင်းစည်းမှု၊ တူညီသည့်အခွင့်အလမ်းများနှင့် အာဆီယံကို ပြိုင်ဆိုင်နိုင်စွမ်းရှိသည့် ဒေသ ဖြစ်ပေါ်စေရန်ကိစ္စတွင် အထူးအရေးကြီးသည့် ကိစ္စဖြစ်ပါကြောင်း၊ အာဆီယံဆက်သွယ်ရေး မဟာ စီမံကိန်းကို မဖြစ်မနေ အကောင် အထည်ဖော်ကြရန်ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် ရှေ့သို့တူညီ တက်လှမ်းချီရာတွင် စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်ကျော်လွန် သွားနိုင်ရေးကို ပြင်ဆင် ထားကြရန် ဖြစ်ပါကြောင်း၊ ယင်းစိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများအနက် ကမ္ဘာတစ်ဝန်းလုံးနှင့်အတူ ရင်ဆိုင်နေရသည့် ပြဿနာသည် ရာသီဥတု ပြောင်းလဲမှုများနှင့် အလွန်အမင်း ရာသီဥတုဖောက်ပြန် မှုများကြောင့် သဘာဝဘေးအန္တရာယ်များ
ကျရောက်မှုများပင်ဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မိမိအနေဖြင့် ပြီးခဲ့သည့် (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အရေးယူ ဆောင်ရွက်သင့်သည့် အချက်များကို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါအချက်များကို ဆက်လက် အကောင်အထည်ဖော် ပေးကြရန် တိုက်တွန်းလိုပါကြောင်း။ ငြိမ်းချမ်း သာယာသည့် အာဆီယံ အသိုက်အဝန်းဖြစ်ပေါ်စေရန်၊ အမြဲရှင်သန် နေသည့် အဖွဲ့အစည်းဖြစ်ပေါ် စေရန်၊ စီးပွားရေးအားဖြင့် ရှင်သန်သွက်လက်သည့် အဖွဲ့အစည်းဖြစ်စေရန်၊ အာဆီယံပြည်သူများကို ဗဟိုပြုသည့် အာဆီယံဖြစ်စေရန်၊ နိုင်ငံတကာ အသိုက်အဝန်းအလယ်တွင် ဂုဏ်ယူတင့်တယ်စွာ ရပ်တည်နိုင် သည့် ဒေသဆိုင်ရာအဖွဲ့ အစည်းတစ်ရပ်ဖြစ်စေရန်၊ ရှေ့သို့တူညီ တက်လှမ်းချီကြရန် ယခုလို (၄၇) ကြိမ်မြောက် အာဆီယံအခါသမယတွင် အာဆီယံနိုင်ငံအားလုံးကို တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမှာစကားပြောကြား ရာတွင် အာဆီယံသည် အာဆီယံအသိုက်အဝန်း၏ စင်မြင့်သစ်အတွက် လက်တစ်ကမ်းအနေအထား၌ ရှိနေ သည်ဖြစ်ရာ မိမိတို့၏ ရည်မှန်းချက်များ အချိန်မီပြည့်မီအောင် လုပ်ဆောင်ရန် အထူးအရေးကြီးပါကြောင်း၊ ယခုအချိန်သည် မိမိတို့၏အတိတ်ကာလကရရှိခဲ့သော ဂုဏ်သတင်းကို ပြန်လည်သုံးသပ်ရန် သာမက ပွင့်လင်းစွာ ပြန်လည်သုံးသပ်ရမည့်အချိန်ဖြစ်သည့် အပြင်မိမိတို့ အနာဂတ်အတွက်ပါ အစီအစဉ် ချမှတ်ရမည့် အချိန်လည်း ဖြစ်ပါကြောင်း။
ဤသည်မှာ ၂၀၁၅ ခုနှစ်တွင်နိုင်ငံရေးအရ စည်းလုံးသော၊ စီးပွားရေးအရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်ယူသော အာဆီယံအသိုက်အဝန်း တစ်ခု ပေါ်ပေါက်ရေး အတွက် မိမိတို့၏ စုပေါင်းအားထုတ် မှုများကို တွန်းအားပေးရန်ဖြစ်ပါကြောင်း။
မိမိတို့၏ အင်စတီကျူးရှင်းများနှင့် ပြည်ပဆက်ဆံရေးများ မြှင့်တင်ရန်အတွက် ပြန်လည်သုံးသပ်သော အာဆီယံ လုပ်ငန်းစဉ်များ ကောင်းစွာ တိုးတက်နေကြောင်းကို အထူးဝမ်းမြောက်စွာ အသိပေးလိုပါကြောင်း။ အာဆီယံအသိုက်အဝန်း၏ အနာဂတ်အတွက် ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းချက်ကို ပုံဖော်ရာတွင် တိုးတက်မှုများ ရရှိနေမှုကြောင့်ဝမ်းမြောက်မှုဖြစ်ရပါကြောင်း၊ ဤကြိုးပမ်းမှုများသည် မိမိတို့ပြည်သူ များ၏ ဆန္ဒများအားဖြည့်ဆည်း ပေးရေးနှင့် အာဆီယံ စည်းလုံးညီညွတ် ရေးတို့အတွက် အထောက်အကူဖြစ် မည်ဟု ယုံကြည်ပါကြောင်း။
အာဆီယံသည် အာဆီယံပဋိညာဉ် စာတမ်း၊ ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်(TAC) နှင့် အရှေ့ တောင် အာရှ နျူကလီးယား လက်နက်ကင်းရှင်းရေးဇုန်စာချုပ် (SEANWFZ Treaty) ကဲ့သို့သော အရေးပါ သည့် နိုင်ငံရေးဆိုင်ရာ စာချုပ်စာတမ်းများကို ဖော်ဆောင်နိုင် ခဲ့ပါကြောင်း၊ အများသဘောတူညီ ချက်ဖြင့် ဆုံးဖြတ်ချက်ချမှု၊ ညှိနှိုင်းတိုင်ပင်ရေးဆိုင်ရာ အခြေခံမူများနှင့် အညီဆောင်ရွက်မှု၊ အားလုံးကြွယ်ဝ ချမ်းသာမှု တို့ပါဝင်ပါကြောင်း၊ ယင်းတို့မှာ အာဆီယံ၏ အမှတ်သင်္ကေတများ ဖြစ်လာခဲ့သည့်အပြင် ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အထောက်အကူပြုပါကြောင်း။
သို့သော်လည်း မိမိတို့၏ကြိုးပမ်းမှုများသည် စိန်ခေါ်မှုများနှင့် မလွတ်ကင်းပါကြောင်း၊ ယနေ့ အာဆီယံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများသည်ရှုပ်ထွေးပြီး ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အပြင် နိုင်ငံ အားလုံးနှင့် သက်ဆိုင်နေသော ကိစ္စများဖြစ်သဖြင့် ပိုမိုပြည့်စုံသော အဖြေများရရှိရန် လိုအပ်နေပါကြောင်း။ မိမိတို့၏ စုစည်းညီညွတ်မှုဖြင့် ပြောင်း လဲနေသော ဒေသဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေးရှုခင်းများနှင့် အညီ အာဆီယံ၏ခွန်အားကို တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း။ စုပေါင်းလုပ်ဆောင်မှုဖြင့် ရှေ့သို့ ချီတက်ရာတွင် မိမိတို့သည် ဒေသဆိုင်ရာငြိမ်းချမ်းရေး၊ စည်ပင်သာယာ ၀ပြောရေးနှင့် လူမှုရေးအရ သဟ ဇာတရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်း ကြရမည် ဖြစ်ပါကြောင်း၊ အာဆီယံ၏လုပ်ငန်းစဉ်များ ပိုမို ထိရောက်ရေးနှင့် ခိုင်မာသော ပြည်ပဆက်ဆံရေးတို့အတွက် ကြိုးပမ်းရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက် ကြခြင်းဖြင့် ကမ္ဘာကြီးနှင့် အတူ အပြုသဘောပြောင်းလဲမှုအတွက် ဆက်လက်ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်တို့သည်
စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။ ယင်းနောက် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ အနုပညာရှင်များက 'ညီညွတ် သော အာဆီယံ' တေး သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment