နေပြည်တော်
သြဂုတ် ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်သည် ယနေ့တွင် (၄၇)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသို့
တက်ရောက် သတင်းရယူကြသော ပြည်တွင်းပြည်ပ သတင်း ဌာနများမှ တာဝန်ရှိ သူများနှင့် တွေ့ ဆုံပြီး မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၁ နာရီတွင်
တရုတ်နိုင်ငံ စီစီတီဗွီ သတင်းဌာနနှင့်လည်းကောင်း၊
မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းနှင့်လည်းကောင်း၊ မွန်းလွဲ
၁ နာရီခွဲတွင် အမေရိကန်နိုင်ငံ ဗွီအိုအေ သတင်းဌာနနှင့် လည်းကောင်း၊
ညနေ ၄ နာရီတွင် စင်ကာပူနိုင်ငံ Singapore Press Holdings Limited မှ သတင်းအဖွဲ့နှင့်
လည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် The Straits Time မှ သတင်းအဖွဲ့နှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။
ထို့ပြင် မွန်းလွဲ ၃ နာရီခွဲတွင် သန္တာခန်းမ၌
သတင်းစာရှင်းလင်းပွဲကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြည် တွင်း၊ ပြည်ပသတင်းဌာနများ၏
မေးမြန်းချက် များကို ရှင်းလင်းဖြေကြားခဲ့သည်။
No comments:
Post a Comment