နေပြည်တော်
ဩဂုတ် ၈
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး
စုဝေးခန်းမ၌ ဩဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး
ကော်မတီ ၏ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေး ဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်
ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်း အဝေး(၉/၂၀၁၄)သို့ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး
ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးနှင့်
သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်းက
နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း လက်တွေ့ကျကျ၊ အမှန်တကယ်လုပ် နိုင်မည့် ဥပဒေဖြစ်ပေါ်စေရေးအတွက်
နည်းပညာနှင့် အသက်မွေးဝမ်း ကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး အထူး
လုပ်ငန်းအဖွဲ့နှင့် Working Group အဖွဲ့ဝင်များမှ အချက်အလက်များနှင့် အကြောင်းအရာများကို
ဆွေးနွေးပြီး ထိရောက်သော အကြံပြုချက် များပေးကြရန်၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် နိုင်ငံသားတိုင်း
ဝင်ငွေ တိုးတက်လာစေရန်အတွက် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ
ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်ကြ ရန်နှင့် Regional အလိုက် လူ့စွမ်းအား အရင်းအမြစ်များ
မွေးထုတ်ပေး နိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကိုကိုဦးက Working Group ခုနစ်ဖွဲ့မှ သက်ဆိုင်ရာလုပ်ငန်း များဆောင်ရွက်လျက်ရှိပြီး
တစ်ပြိုင်နက် မူဝါဒနှင့် ဥပဒေများအကောင် အထည်ဖော် ရေးဆွဲနိုင်ရေး ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊
နိုင်ငံတကာ ဥပဒေများနှင့်အညီ ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ထား ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း
များဖြစ်ကြသော German Agency for International Cooperation (GIZ)နှင့် Asia
Development Bank(ADB)တို့ မှလည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် Working
Group အဖွဲ့ဝင်များ အနေဖြင့်လည်း လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်
ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာ
ဝန်ကြီးဌာနများမှ တာဝန်ရှိ သူများနှင့် ပုဂ္ဂလိက အဖွဲ့များမှကိုယ်စားလှယ်များက နည်းပညာနှင့်
သက်မွေးပညာရေး ဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment