Monday, August 4, 2014

ပညာရေးရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်ရေး (Education Channel) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်-ဩဂုတ် ၎
Forever Group နှင့် Myanmar Media Development Center (MMDC) ရုပ်ရှင်သင်တန်းကျောင်းတို့မှ ပံ့ပိုးမှုဖြင့် ပညာရေးဝန်ကြီးဌာန၏ ပညာရေးရုပ်မြင်သံကြားရိုက်ကူး ထုတ်လုပ်ရေး (Education Channel) သင်တန်း ဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ရုပ်ရှင်ခန်းမ၌ ကျင်းပသည်။

အစီအစဉ်အရ ရိုက်ကူးထုတ်လုပ်ရေးသင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသားများကိုယ်စား သင်တန်းသား သင်တန်းသူ (၃)ဦးတို့က ရိုက်ကူးရေးအတွေ့အကြုံများကို ရှင်းလင်းပြောကြားကြပြီး ၎င်းတို့ လက်တွေ့ ရိုက်ကူးထားသော Indoor နှင့်  Outdoor Project သုံးခုကို ထုတ်လွှင့်ပြသသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီနှင့် Forever Group မှ  အမှုဆောင်အရာရှိချုပ်  ဦးဝင်းမော်တို့က သင်တန်းဆင်းအမှာစကားပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများ ကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
သင်တန်းမှာ ဇွန်(၂၇)ရက်မှ ဇူလိုင်(၃၁)ရက်အထိ (၂)လတာ ကြာမြင့်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် ဇာတ်ညွှန်းရိုက်ကူးမှု၊ တည်းဖြတ်၊ အသံ၊ အလင်း၊ သတင်း ရေးသားနည်းစသည်များကို စာတွေ့၊ လက်တွေ့ သင်ကြားခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ပညာရေးဝန်ကြီးဌာနနှင့်  Forever Group နှင့်  MMDC  တို့မှ တာဝန်ရှိ သူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

No comments:

Post a Comment