နေပြည်တော်-ဩဂုတ်
၎
၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည်
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲ ဖြေဆိုခဲ့ကြသော စာစစ်ဌာန
ကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ် ကြီးများ) ထံတွင် အမှတ်စာရင်း၊
အရည်အချင်း မှတ်တမ်းချုပ်ရမှတ် အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက် ထားရမည့်ပုံစံအိတ်ကို
ဩဂုတ်(၁၄)ရက် (ကြာသပတေးနေ့) မှ စ၍ ကိုယ်တိုင် ထုတ်ယူကြရန်ဖြစ်သည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို
ဩဂုတ်(၁၅)ရက်မှ စက်တင်ဘာ(၅)ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ)
အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) တွင် လျှောက် ထားနိုင်သည်။ အသေးစိတ် သိရှိလိုပါက
အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) သထုံလမ်း ကမာရွတ် မြို့နယ် ရန်ကုန်မြို့
ဖုန်း-၅၃၇၆၇၇နှင့် ၅၂၅၆၁၂တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment