Sunday, August 10, 2014

ဟင်္သာတရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံမှ ရုပ်/ သံအစီအစဉ်များ စတင်စမ်းသပ်ထုတ်လွှင့်


နေပြည်တော်   ဩဂုတ်  ၁၀ 
 
ရုပ်မြင်သံကြား တိုးချဲ့ထုတ်လွှင့်ရေး အစီအစဉ်အရ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ဟင်္သာတ ရုပ်မြင်သံကြား တပ်ဆင့်လွှင့်စက်ရုံ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ဩဂုတ်(၈)ရက်တွင် လုပ်ငန်းများ ပြီးစီးခဲ့သည်။
အဆိုပါ စက်ရုံမှ လွှင့်အား 1 KW ၊ လှိုင်းနှုန်း (UHF Channel E-36)၊  DVB-T2 စနစ်ဖြင့် ဩဂုတ် (၁၀) ရက်မှစ၍ မြန်မာ့ရုပ်မြင်သံကြား၊ လွှတ်တော်ရုပ်သံလိုင်း၊ တောင်သူလယ်သမားရုပ်သံလိုင်း၊ တိုင်းရင်းသား လူမျိုးစုများ
ရုပ်သံလိုင်း၊ Reader Channel ၊ Myanmar International Channel  တို့အပြင်  ရေဒီယို မြန်မာပိုင်း အစီအစဉ်နှင့် တိုင်းရင်းသားဘာသာ အစီအစဉ်များကိုလည်း ထုတ်လွှင့်ပေးလျက်ရှိကာ ထုတ်လွှင့်မှု ကို အရှေ့ဘက်ရှိ သာယာဝတီမြို့၊ လက်ပံတန်းမြို့၊ အနောက်ဘက်ရှိ ကွင်းကောက်ကျေးရွာ၊ အိုင်သပြု ကျေးရွာ၊ တောင်ဘက်ရှိ ဓနုဖြူမြို့၊ မြောက်ဘက်ရှိ အင်္ဂပူမြို့၊ ထူးကြီးမြို့တို့မှ ဖမ်းယူကြည့်ရှုနိုင်ကြောင်း သတင်း ရရှိသည်။                                                                                                                                              

No comments:

Post a Comment