Sunday, August 10, 2014

8th ASEAN-China လူမှုဘဝဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးဖိုရမ် သို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ် များ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလှည့်လည်ကြည့်ရှုလေ့လာ



နေပြည်တော်   သြဂုတ်  ၁၀
နိုင်ငံတော်သမ္မတ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါး မှု လျော့ချရေး လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်း ပါးမှုလျော့ချ ရေးလုပ်ငန်းများကို အတွေ့အကြုံချင်းဖလှယ်၍ ဒေသတွင်း ပိုမိုပူးပေါင်း
ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အဌမအကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဘဝဖွံ့ဖြိုးရေးနှင့်ဆင်း ရဲမှု လျော့ချရေးဖို ရမ်ကို နေပြည်တော်၊ သင်္ဂဟဟိုတယ်၊ Green Ballroom ၌ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖိုရမ်သို့ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် UNDP ၊ ADB ၊ GIZ တို့မှ ကိုယ်စားလှယ်များ၊ Myanmar Consortiun of Rural Development(MCRD) အပါအဝင် ပြည်တွင်း NGO/CSO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၂၀)ဦး တက်ရောက် ခဲ့ကြပါသည်။
အဆိုပါဖိုရမ်၏ ကွင်းဆင်းလေ့လာမှု အစီအစဉ်အရ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင်  မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းလေ့လာ ကြည့်ရှုရာ ဖိုရမ်သို့ တက်ရောက် လာကြသော အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် ပထမဦးစွာ နေပြည်တော်၊ ကိုးရွာသပြေကုန်းကျေးရွာရှိ စက်စက်ယိုစံပြစိုက်ကွင်းသို့ရောက်ရှိကြရာ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ကြိုဆိုနှုတ်ဆက်ပြီး လယ်ယာ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် လျက် ရှိသော သစ်သီးဝလံစံပြစိုက်ခင်းများ၊ ဟင်းသီးဟင်း ရွက်စံပြစိုက်ခင်းများ၊ ဓာတုကင်းလွတ် စိုက်ခင်းများနှင့် သားငါးထုတ်လုပ်မှုနှင့် ကျေးလက်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြသထား သည့် ငါးမွေးမြူရေးပြခန်း၊ ပျားမွေးမြူရေးပြခန်းနှင့် ကျေးလက်မီးလင်းရေးပြခန်းများအား လိုက်လံ ရှင်းလင်း ပြသခဲ့ရာ ဖိုရမ်သို့တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ စိတ်ဝင် တစား ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ မှ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဖိုရမ်သို့တက်ရောက်လာသည့် ကိုယ်စားလှယ်များအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေမှ ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လုပ်ငန်းများကို သွားရောက်ကွင်းဆင်းလေ့လာ ခဲ့ကြပါသည်။ ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့် အမရပူရမြို့နယ်၊ ဘုန်းတော်နိုင်ငံကျေးရွာ လက်ယက္ကန်း လုပ်ငန်းများနှင့် တပ်ကြီးကျေးရွာရှိ အိုးလုပ်ငန်းများ အား ရောက်ရှိလေ့လာကြရာ တာဝန်ရှိသူများမှ ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းအနေဖြင့် မန္တ လေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်မှု လုပ်ငန်းများသို့ ငွေ ကျပ် (၂၅၁၃)သန်းကျော် အား ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း၊ အမရပူရမြို့နယ်၊ ဘုန်းတော်နိုင်ငံကျေးရွာ လက်ယက္ကန်းလုပ်ငန်းအတွက် ကျပ်(၂၈.၈) သန်းနှင့် တပ်ကြီးကျေးရွာ အိုးလုပ်ငန်းအတွက် ငွေကျပ်(၂၀.၂၅)သန်း ထုတ်ချေး ပေးနိုင်ခဲ့ ကြောင်း၊ ကုန်သွယ်မှုစင်တာများကို မန္တလေးတိုင်းဒေသကြီး အတွင်း မကြာမီ ဖွင့်လှစ်သွား မည်ဖြစ်ပါကြောင်းနှင့် ကျေးလက် ထုတ်ကုန်များ ပြည်တွင်း/ပြည်ပ ဈေးကွက်များ ရရှိရေးအား ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကိုယ်စားလှယ် များ၏ မေးမြန်းခဲ့မှုများ အား ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် အဌမအကြိမ်မြောက် အာဆီယံ−တရုတ်ဖိုရမ်မှ ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံရှိ မန္တလေးနန်းမြို့၊ မြနန်းစံကျော်ရွှေနန်းတော်သို့ သွားရောက်လေ့လာခဲ့ရာ ရွှေနန်းတော် အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် လက်ရာများ၊ အဆောက်အဦးများနှင့် မြန်မာဘုရင်များ လက်ထက်မှ မှတ်သားလေ့လာ ဖွယ်ရာများအား တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။
၎င်းနောက် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်မှုသင် တန်းကျောင်း(မန္တလေး)သို့ရောက်ရှိခဲ့ရာ သင်တန်းကျောင်းအုပ်နှင့် တာဝန်ရှိသူများမှ စက်မှုသင်တန်းကျောင်းမှ ပို့ချပေးနေသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့်ပတ်သက်သည့် အချက်အလက်များ၊ သင်ကြား ပေးနိုင်မှု အခြေအနေများနှင့် သင်ထောက်ကူစက်ပစ္စည်းများ၏ အခြေအနေများအား ရှင်းလင်းပြသခဲ့ရာ ယခုစက်မှု သင်တန်းကျောင်း အဆောက်အအုံနှင့် သင်ကြားမှုအထောက်အကူပြု စက်ကိရိယာများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ယွမ်သန်း(၃၀) အထောက်အပံ့ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စက်မှု သင်တန်းကျောင်းတွင် ဆင်းရဲနွမ်းပါးသူများအပါအဝင် အထက်တန်း ပညာအဆင့်ရှိ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေးနှင့် ဝင်ငွေတိုးပွား ရရှိရေးတို့အတွက် သင်တန်းသားများကို စက်မှုပိုင်းဆိုင်ရာ ပညာရပ်များ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိ စက်မှုသင်တန်းကျောင်း (၆) ကျောင်းမှ နှစ်စဉ် သင်တန်းသားဦးရေ(၁၀၀၀)ကျော် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ စက်မှုဇုန်များ၊ စက်မှုလုပ်ငန်း များ၏ နည်းပညာလိုအပ်ချက်များအပေါ် မူတည်ပြီး သင်တန်း ၏ သင်ကြားမှုအစီအစဉ် များကို ပြန်လည် သုံးသပ် ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း အသေးစိတ်ရှင်းလင်းပြောကြား၍ မေးမြန်ခဲ့မှုများ အပေါ် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါ သည်။ ယင်းနောက် လေ့လာရေးအဖွဲ့သည်  သင်တန်းကျောင်းအတွင်း လှည့်လည် ကြည့်ရှု လေ့လာခဲ့ပြီး သင်တန်းကျောင်းရှေ့၌ အမှတ်တရဓာတ်ပုံရိုက်ကူးကာ နေပြည်တော်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သတင်း ရရှိသည်။
           

No comments:

Post a Comment