Tuesday, August 26, 2014

အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၁၄)ဖွင့်



နေပြည်တော်-ဩဂုတ်(၂၆)

နိုင်ငံတော်၏ တတိယအဆင့် (Third Wave) ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးအဆင့် အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲကို ဩဂုတ်(၂၅)ရက် နံနက်(၉)နာရီက ရန်ကုန်မြို့ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။



အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးအဆင့် အရာထမ်းအင်အား (၃၀)တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၂)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment