Tuesday, August 26, 2014

မိုင်းကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား မိုးရာသီဘောလုံး ပြိုင်ပွဲ ကျင်းပ

မိုင်းကိုင်     သြဂုတ်      ၂၆
ရှမ်းပြည်နယ် ၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ ၂၀၁၄-၂၀၁၅ခုနှစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဖလား၊ မိုးရာသီ ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ (၂၅) ရက် ၊ မွန်းလွဲ (၂)နာရီ အချိန်တွင် မြို့မအားကစား ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။



ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများမှာ  ၀မ်ဖွီးကျေးရွာအုပ်စုအသင်း ၊ ပညာရေး ဌာနအသင်း ၊ ၀န်ထမ်းပေါင်းစုံအသင်း ၊ ရှမ်းဖလားဝါးအသင်း ၊ D ခေတ် အသင်း ၊ အမှတ်(၃) နှင့် ဆင်/မြောက်ကျေးရွာ အုပ်စုအသင်း ၊ ဟမ်းဟိုင်းကျေးရွာ အုပ်စုအသင်း ၊ ၀မ်လုံ ယန်းလွယ် ကျေးရွာအုပ်စု အသင်း ၊ အမှတ်(၂)နှင့် ဆင်/ရှေ့ကျေးရွာအုပ်စု အသင်း ၊ စော်ဘွားမျိုး အသင်း  စသည်ဖြင့် ဘောလုံး အသင်းပေါင်း (၁၀)သင်း ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါသည်။
ကွင်းဖွင့်ပွဲ အခမ်းအနားတွင် မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းပန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး တို့က ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပခြင်းအတွက်  အဖွင့်အမှာစကား ပြောကြားသွားပါသည်။

ထို့နောက်  ဘောလုံးပြိုင်ပွဲ ပထမ ပွဲစဉ်အဖြစ်   ၀မ်ဖွီးကျေးရွာအုပ်စု အသင်းနှင့်  ဟမ်းငိုင်းကျေးရွာအုပ်စု အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ ဟမ်းငိုင်းကျေးရွာအုပ်စု အသင်းက ၀မ်ဖွီးကျေးရွာ အုပ်စုအသင်းကို  (၄)ဂိုး  (၂)ဂိုးဖြင့်  အနိုင်ရရှိခဲ့ပါကြောင်း သိရှိရပါသည်။

No comments:

Post a Comment