Tuesday, August 26, 2014

ကျေးရွာအခြေခံသမဝါယမ အသင်းအမှုဆောင်များ စာရင်းရေး၊ စာရင်းကိုင် ဆင့်ပွားပညာပေး သင်တန်းဖွင့်

ကြို့ပင်ကောက်    သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် သမဝါယမ ဝန်ကြီးဌာန၊ မြို့နယ်သမ ဝါယမ ဦးစီးဌာနမှဦးစီး၍ ကျေးရွာသမဝါယမအသင်း အမှုဆောင်များအား စာရင်းရေး၊စာရင်းကိုင် ဆင့်ပွား ပညာပေးသင်တန်း (၂/၂၀၁၄) ကို သြဂုတ်လ(၂၄)ရက်မှ (၂၈)ရက်နေ့အထိ (၅)ရက်ဖွင့်လှစ်သွားမည် ဖြစ်သည်။

သင်တန်းတွင် ကျေးရွာအခြေခံသမဝါယမအသင်း အမှုဆောင် (၃၆)ဦး၊ သင်တန်းတက်ရောက်ပြီး စာရင်း ရေး စာရင်းကိုင် သင်တန်း ဆင်းပြီးသားဝန်ထမ်းများဖြစ်သော မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဦးစီးမှူးများ၊ မြို့နယ်သမဝါယမအသင်းစု လီမိတက် အမှုဆောင်ဒါရိုက်တာ အဖွဲ့မှ ဥက္ကဌနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက သင်တန်းပို့ချ ပေးသည်။

အဆိုပါသင်တန်းကို ကျေးရွာအခြေခံသမဝါယမ အသင်းများမှ အမှုဆောင်များသည် မိမိတို့၏အသင်းနှင့် ပတ်သက်သော စာရင်းဇယားများကို နည်းစနစ်တကျ ကိုယ်တိုင်ပြုစုနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၄ သြဂုတ်လ မှစ၍ (၁)လလျှင် တစ်ကြိမ် (၈)ကြိမ်တိုင်တိုင် သင်တန်းဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသတင်း ရရှိသည်။

No comments:

Post a Comment