မန္တလေး
သြဂုတ် ၅
မန္တလေးမြို့ ဧရာဝတီဆိပ်ကမ်းတစ်လျောက်သို့
လာရောက် ဆိုက်ကပ် ရပ်နားလျက်ရှိသည့် ကုန်တင်သဘောင်္များ လုံခြုံရေး အတွက် တာဝန်ယူဆောင်ရွက်နိုင်ရန်
ရေကြောင်းဆိုင်ရာရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်း မန္တလေး တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ရေကြောင်းဆိုင်ရာရဲတပ်ဖွဲ့ကို
တပ်ဖွဲ့ဝင်အင်အား ဦးရေ ၂၀၀ ကျော်ဖြင့် ယခုနှစ်တွင် စတင်ဖွဲ့စည်းရန် ပြင်ဆင်မှုများ
လုပ်ဆောင်လျက်ရှိရာ ကုန်တင်သင်္ဘောများနှင့်
ခရီးသည်တင်သင်္ဘောများ လတ်တလော မကြာခဏ ကြုံတွေ့နေရသည့် ခိုးယူခံရမှု ပြဿနာ ပပျောက်စေရန်
ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များက ဆိပ်ကမ်းတစ်လျောက်တွင် လှည့်ကင်းများဖြင့်
ကင်းလှည့်ခြင်းနှင့် မြစ်အတွင်း မသင်္ကာဖွယ်ရာ စက်လှေများကို စောင့်ကြည့်ခြင်းတို့ကို
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး
ဇော်မင်းဦးက ပြောကြားသည်။
အုပ်စုဖွဲ့ ပစ္စည်းခိုးယူနေသူများသည် ပုံမှန်အားဖြင့်
လူအများ အိပ်ချိန်ဖြစ်သည့် နံနက် ၁ နာရီ မှ
၎ နာရီ အတွင်း သဘောင်္များဆီသို့ ချဉ်းကပ်ကြခြင်းဖြစ်ရာ အင်အားများပြားမှု့ကြောင့်
အချို့သဘောင်္စောင့်များမှာ ပစ္စည်းခိုးယူနေ သည်ကို တွေ့မြင့်သော်လည်း အော်ဟစ်အကူအညီတောင်းခြင်း
မပြုလုပ်ရဲကြကြောင်း ကုန်တင်သဘောင်္ပိုင်ရှင် တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment