ငါန်းဇွန်
၊ သြဂုတ် - ၎
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ခရိုင်၊
ငါန်းဇွန်မြို့ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ သြဂုတ်လ (၄) ရက် မွန်းလွဲ (၂) နာရီ အချိန်က
ကျေးလက်ဒေသအတွင်းရှိ ပြည်သူလူထု အကျိုးပြုလုပ်ငန်းဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ အား
စောင့်ရှောက်ခြင်း၊ မွေးဖွားခြင်းနှင့် မွေးဖွားပြီး စောင့်ရှောက်ခြင်းစသော မိခင်နှင့် ကလေးအခြေခံ
ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်
မြို့နယ် အဆင့် အရန်သားဖွား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးကျော်တင်နှင့် ဦးမြတ်သူ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ဆန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့
ဒုတပ်ရင်းမှူး ဦးအေးလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်းဝင်များနှင့် သင်တန်းသား (၂၀) ဦး တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးမြတ်သူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ဆန်းမှ
သင်ကြားပို့ချမည့် ဘာသာရပ်များ အကြောင်းရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သူနာပြုဆရာမကြီး
ဒေါ်အေးအေးမြင့်က သင်တန်းချိန် များကို ပြောကြားပြီး အခမ်းအနားပြီးစီးပြီးနောက် ဆက်လက် သင်ကြားပို့ချခဲ့ကြောင်း
သိရသည်။
သင်တန်းကာလမှာ
၂၀၁၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်မှ ၂၀၁၄ခုနှစ် ဇန်နဝါရီ (၂၀) နေ့အထိဖြစ်ကြောင်းနှင့်
သင်ကြားပို့ချသူ ဆရာ/ဆရာမများမှာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာအောင်ဆန်းအပါအဝင် ကျန်းမာရေးဝန်ထမ်း
(၁၂) ဦး ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment