ကော့သောင်း၊
ဩဂုတ် ၅
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် မြို့ဖြစ်သည့်
ကော့သောင်းမြို့သည် မြို့နေပြည်သူများ လူနေမှုအဆင့် အတန်းမြင့်မားစွာ နေနိုင်ရေး၊ ကုန်ထုတ်စွမ်းအား
တိုးတက်ရေး၊ စီပွားရေး လုပ်ငန်းယန္တရားများ ပုံမှန်လည်ပတ် နိုင်ရေးရည်ရွယ်ကာ လျှပ်စစ်ဓာတ်အားကို
မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းနှင့် ပုဂ္ဂလိက
ပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့် ၂၄
နာရီ ဖြန့်ဝေ ပေးလျက်ရှိရာ လျှပ်စစ်အန္တရာယ် ဖြစ်စဉ်များ
လျော့နည်းကျဆင်းရေး၊ မြို့နေ လျှပ်စစ်ဓာတ်အား သုံးစွဲသူ ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေး
စေရေး ရည်ရွယ်၍ ဩဂုတ် ၃ ရက်က လျှပ်စစ်အန္တရာယ်ကင်းဝေးရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း
သိရ သည်။
ယင်းသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလုပ်ငန်း
ဝန်ထမ်းများက မြို့အနှံ့ပို့လွှတ်နေသည့် ဓာတ် အားလိုင်း များရှိ ပေါက်ပြဲဆွေးမြည့်နေသည့်
ကေဘယ်ကြိုးများအား လိုက်လံစစ်ဆေး ပြုပြင်လဲလှယ်တပ် ဆင်ခြင်း၊ ဆွေးမြည့်ကာ အန္တရာယ် ဖြစ်နိုင်သည့်ဓာတ်တိုင်များ
အသစ် လှဲလှယ်ခြင်း၊ လျှပ်စစ်ဓာတ်အား လျော့နည်း ပျောက်ဆုံးမှုကျဆင်းကာ အများပြည်သူ ဓာတ်အား
အပြည့်အဝ သုံးစွဲနိုင်ရေး၊ ဓာတ်အားလိုင်းကြိုး များနှင့် ထိညိ၍ အန္တရာယ်ဖြစ်စေ နိုင်သည့်
လမ်းဘေးဝဲယာသစ်ပင် ကြီးများအပါအဝင် အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို
စက်ယန္တရားများ အသုံးပြုလျက် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားသည် နိုင်ငံတစ်နိုင်ငံ၏
လုပ်ငန်းကဏ္ဍတိုင်းအတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည် နှင့်အညီ လျှပ်စစ်ကြောင့် ထိခိုက်သေကြေပျက်စီးဆုံးရှုံးရမှု
အခြေအနေများ ဖွံ့ဖြိုးပြီးနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံမြို့ရွာ များတွင် လည်း
ဖြစ်ပေါ်ကြုံတွေ့နေ သည်ကို အခါအားလျော်စွာ သတင်းမီဒီယာများ၌ ဖတ်ရှုနေရ သည်။
No comments:
Post a Comment