Sunday, August 31, 2014

ရခိုင်ပြည်နယ် ၂၀၁၄ ခုနှစ် (၂၁) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေး

စစ်တွေ ဩဂုတ် ၃၁
ရခိုင်ပြည်နယ် ၂၀၁၄ ခုနှစ် (၂၁) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ညှိနှိုင်းအစည်း အဝေးကို ဩဂုတ် (၃၀) ရက် နံနက် (၉) နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် (၂၁) ကြိမ်မြောက် မြန်မာ့ရိုးရာ တိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ် အနေဖြင့် တစ်ဖက်မှ တည်ငြိမ်မှု၊ ဒေသဖွံ့ဖြိုးမှုကို ဆောင်ရွက်ရင်း ပျော်ရွှင်မှုရရှိစေရေးကို ဟန်ချက်ညီညီ ကျင်းပပြု လုပ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ထုတ်ခွင့် ရရှိသည့်အတွက် ရခိုင်ပြည်နယ်အနေဖြင့် ယခုကျင်းပမည့် (၂၁) ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား အဆင့်အတန်းရှိရှိ၊ သိက္ခာရှိရှိ၊ အနှစ်သာရရှိရှိ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာဆပ်ကော်မတီများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ခရိုင်၊ မြို့နယ်ကိုယ်စားပြု အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် အစည်းအဝေး တက်ရောက် လာသူများက အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်များ၊ ပြည်နယ်တရားရေး ဦးစီးမှူးများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment