Sunday, August 31, 2014

အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများ၏ ဝန်ကြီးအဆင့် လယ်ယာသစ်တော အစည်းအဝေးသို့ တက်ရောက်ကြမည့် ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လေ့လာကြည့်ရှု နိုင်ရန်စိုက်ကွင်း၊ ပြကွင်း များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၁
မြန်မာနိုင်ငံအနေဖြင့် (၃၆) ကြိမ်မြောက် အာဆီယံ (၁၀) နိုင်ငံ၏ လယ်ယာနှင့် သစ်တောကဏ္ဍဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့်အာဆီယံ (၃) နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ဝန်ကြီးများအဆင့် အစည်းအဝေးကို စက်တင်ဘာ (၂၁) ရက်မှစတင်၍ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ သွားမည်ဖြစ်ရာ ဧည့်သည်နိုင်ငံများ ဝန်ကြီးများနှင့်အတူ အဆင့်မြင့် အရာရှိကြီးများအား အိမ်ရှင် မြန်မာနိုင်ငံ၏ လှိုက်လှဲဖော်ရွေပျူငှာစွာ ကြိုဆိုခြင်းနှင့်အတူ မြန်မာ့လယ်ယာ သစ်တောကဏ္ဍ၏ ပကတိ အခြေအနေများကို လေ့လာကြည့်ရှု နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။

ယနေ့နံနက် (၇) နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ ရာတွင် ပါဝင်တက်ရောက်ကြမည့် ဧည့်သည်နိုင်ငံများမှ ဝန်ကြီးများနှင့် ဧည့်သည်တော်များအား လေ့လာ ကြည့်ရှု ပြသနိုင်ရန်အတွက် သစ်တောရေးရာဝန်ကြီးဌာန ပြခန်းဆောက်လုပ်ပြီးစီးမှု၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြခန်းအဆောက်အအုံ ဆောက်လုပ်ပြီးစီး မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးပြခန်း အဆောက်အအုံ ဆောက်လုပ်ပြီးစီး မှု၊ ပင်မရှင်းလင်းဆောင် ဆောက်လုပ်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုသည်။
ထို့နောက် ဝင်ငွေတွက်ခြေကိုက်သည့် အမယ်သစ်သီးနှံ ကညွတ်စိုက်ခင်း၊ ပိန်းဥစိုက်ခင်း၊ ကန်စွန်းစိုက်ခင်း၊ မှန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးlထားသော ကန်စွန်းစိုက်ခင်းနှင့် ကညွတ်သီးနှံစိုက်ခင်း၊ တိုင်ထောင်ပဲစိုက်ခင်း၊ စပ်မျိုး ခရမ်းသီးစိုက်ခင်း၊ သခွားမွှေးသီးနှံစိုက်ခင်း၊ ငရုတ်သီးနှံစိုက်ခင်း၊ တစ်ဆက်တစ်စပ်တည်း ပြောင်းချို သီး နှံစိုက်ခင်းများ၊ ဖရုံသီးနှံစိုက်ခင်း၊ စင်တင်ဗူးစိုက်ခင်း၊ ဖရဲသီးစိုက်ခင်းတို့ကို စစ်ဆေးကြည့်ရှုပြီး သိပ္ပံနည်းကျ ပေါင်စနစ်ဖြင့် စိုက်ပျိုးထားသော စိုက်ကွင်းများနှင့် Net House ပိုက် အမိုးအကာစနစ်ဖြင့် စိုက်ပျိုးထားရှိသော စိုက်ကွင်းများကို စိုက်ကွင်းတစ်ကွင်းချင်းအလိုက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တစ်ဧကလျှင် ပိဿာတစ်ထောင်ထွက်ရှိသည့် ငွေချည် (၉) ရွှေတောင် (၈) တောင်သူပညာပေး ချည်မျှင်ရှည် ဝါဂွမ်းသီးနှံစိုက်ကွင်းသို့ ရောက်ရှိပြီး ဝါသီးများမှ ဝါဂွမ်းများ စတင်ဆွတ်ခူး ဆောင်ရွက်ထားမှု တစ်ဧကလျှင်တန်(၈၀)ထွက်ရှိသည့် ဈေးကွက်ရရှိရန် သေချာ နေသော အိန္ဒိယ စိုက်နည်းစနစ်ဖြင့် ကြံတစ်ဆစ်ချင်းစီ ပျိုးထောင်စိုက်ပျိုးထားသော သက်တမ်း(၈)လသား အရွယ်ရှိ ကြံစိုက်ခင်းနှင့် ကြံမျက်စေ့တစ်စေ့ခြင်း ပျိုးထောင်သည့်ကိရိယာ တောင်သူများကိုယ်တိုင် တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးထား ရှိသည့် ကညွတ်စိုက်ခင်း၊ နယူးဧရာကုမ္ပဏီ၏ ပိုက်ကွန်စနစ်၊ ခေတ်မီ တိုက်ရိုက် ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးထား ရှိသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ခင်းနှင့် အော်ဂဲနစ် သစ်သီးဝလံ အရောင်းပြခန်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment