Sunday, August 31, 2014

ဈေးရောင်းသင်္ဘောဖွင့်ပွဲ အခမ်းအနားကျင်းပ



နေပြည်တော် ဩဂုတ် ၃၁
ချင်းတွင်းဈေးရောင်း သင်္ဘောဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းဆိပ်ကမ်း၌ ဩဂုတ် (၃၁) ရက် နံနက် (၈) နာရီတွင်ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင်နိုင်တို့က ဈေးရောင်းသင်္ဘောကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဈေးရောင်း သင်္ဘောဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုကြသည်။


အဆိုပါဈေးရောင်းသင်္ဘော၌ စက်မှုဝန်ကြီးဌာနစက်ရုံများမှ ထုတ်လုပ်သော ဝါယာကြိုးအမျိုးမျိုး၊ ဆိုလာ မီးအိမ်များ၊ LED မီးလုံများ၊ လျှပ်စစ်ထမင်းပေါင်းအိုးများ၊ ဘက်ထရီအိုးများ၊ ဂျင်နရေတာများ၊ ရေစုပ်စက် များ၊ ဧရာ (၂) လက်တွန်းထွန်စက်များ၊ ဒီဇယ်အင်ဂျင်များ၊ ဘိလပ်မြေများ၊ ကျား/မ လုံချည်များ၊ အင်္ကျီများ၊ သင်္ကန်းများ၊ ချည်ထည်များ၊ စွပ်ကျယ်များ၊ ကလေးဝတ်များ၊ ရွှေဝါဆပ်ပြာနှင့် ဆပ်ပြာအမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မုံရွာမြို့၊ ချင်းတွင်းဆိပ်ကမ်းမှစတင်၍ ကနီ၊ သင်တော၊ မြေကြား၊ မောက္ကတော်၊ မင်းကင်း၊ ကလေးဝ၊ မစိန်၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း စသည့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့/ကျေးရွာများသို့ ဆိုက်ကပ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment