နေပြည်တော်-ဩဂုတ်
၈
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် နော်ဝေနိုင်ငံ ခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး Mr. Morten Hoglund ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ဩဂုတ်(၈)ရက်
နံနက်(၁၁)နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌
တွေ့ဆုံကြရာ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ
အနေဖြင့် နော်ဝေနှင့်ပူးပေါင်း ဆောင်ရွက်နေသည့်
ကဏ္ဍများစွာ ရှိပါကြောင်း၊ နော်ဝေနိုင်ငံမှ GSP အခွင့်အရေးပြန် လည်ပေးအပ်ခဲ့ပြီး ဖြစ်သည့်အတွက်
မြန်မာ့ပို့ကုန်များ ဈေးကွက် ပိုမိုရရှိလျက်ရှိပါကြောင်း၊ နည်းပညာနှင့် အရင်းအနှီးများကို
ဖိတ်ခေါ် ပါကြောင်း ပြောကြားပြီး နော်ဝေနိုင်ငံ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်
စိတ်ပါဝင်စားသည့် နော်ဝေ ကုမ္ပဏီများစွာ ရှိပါကြောင်း၊ ကမ္ဘာပေါ်တွင် ဓာတ်မြေဩဇာ အများဆုံး
ထုတ်လုပ် နေသည့် Yara ကုမ္ပဏီ လည်းတစ်ခု အပါအဝင် ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ဥပဒေရေးရာ လုပ်ထုံး လုပ်နည်းပြောင်းလဲ တိုးတက်မှုများကို
မေးမြန်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment