နေပြည်တော် သြဂုတ် ၇
ရက်
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏
၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံ(စလေ)တွင်
၂-၈-၂၀၁၄ ရက်နေ့၌ ကျင်းပရာ လုပ်ငန်းရုံးချုပ်မှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊
ရေနံချက် စက်ရုံမှူးများ၊ ဓာတ်မြေသြဇာစက်ရုံမှူးများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံမှူးများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဦးဆောင်ညွှန်ကြားရေးမှူးက
အမှာစကားပြောကြားပြီး သက်ဆိုင်ရာ စက်ရုံမှူး များမှ ၂၀၁၄ ခုနှစ် ဧပြီလမှ ဇွန်လအထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု/
ဆောင်ရွက်ပြီးစီးမှုအပေါ် သုံးသပ်တင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များတင်ပြကာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်
သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးကြပါသည်။
ယင်းနောက် ဦးဆောင်ညွှန်ကြားရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ဖြင့်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ တွင် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)၊
ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)နှင့် ရေနံနှင့်ရေနံဓာတု ဗေဒပစ္စည်းများသယ်ယူပို့ဆောင်ရေးဌာနတို့အား
ပြည်တွင်းပြည်ပအဖွဲ့အစည်းများဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများကို
စီမံဆောင်ရွက်မှု အခြေအနေအားလည်းကောင်း၊ ၂၀၁၄-၂၀၁၅
ဘဏ္ဍာရေး နှစ်အတွင်း သတ်မှတ်လျာထားချက်နှင့်အညီ ပြည့်မီစွာထုတ်လုပ်သွားနိုင်ရေးအတွက်
ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဌာန/စက်ရုံများအနေဖြင့် လုပ်ငန်းလိုအပ်ချက်များရှိပါက
ရုံးချုပ်သို့ အချိန် နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် ဖြစ်ကြောင်းပြောကြားပြီး
အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment