နေပြည်တော် သြဂုတ်
၆
အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ)
၂၀၁၅ ပြည့်မီ အောင်မြင်ရေးနှင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန် ထမ်းဆောင်စဉ်
ကာလအတွင်း (၄၆) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့်
ဆက်စပ် အစည်းအဝေးများ
အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အာဆီယံဒေသတွင်း ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း
မြှင့်တင်ရေး လုပ်ငန်း စီမံချက်ပါ လုပ်ငန်းကော်မတီများ၏ (၁၆)ကြိမ်မြောက် ညှိနှိုင်း
အစည်းအဝေးကို အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌
ယနေ့ နေ့လည် ၁:၀၀ နာရီတွင် ကျင်းပပါသည်။
အစည်းအဝေးသို့ အာဆီယံ စီးပွားရေးအသိုက်အဝန်း
(အေအီးစီ) ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဌ၊ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သက်ဆိုင်ရာ
လုပ်ငန်းကော်မတီ ဥက္ကဌများ ဖြစ်ကြ သည့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန တို့မှ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများဖြစ်သည့်
ဘာသာရပ်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊
ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်း ရှင်များအသင်းချုပ်တို့မှ ကိုယ်စားလှယ် များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် သဘာပတိ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ၂၀၁၄
ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီး
များနှင့် ဆက်စပ် အစည်းအဝေးများအတွက် ကြိုတင်
ပြင်ဆင်ထားမှုများ၊ အဆိုပါ အစည်းအဝေးများ ကျင်းပစဉ် ကာလအတွင်း လက်မှတ်ရေးထိုးမည့် သဘောတူ
စာချုပ်များအတွက် ဆောင်ရွက်ထားမှု များ၊ ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့်
စပ်လျဉ်း၍ ပွင့်လင်းစွာ ဆွေးနွေးရန် ဖြစ်ပါကြောင်း၊ ၎င်းအပြင် မြန်မာနိုင်ငံအနေဖြင့် အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရသည့်အပြင်
သဘာပတိအဖြစ်လည်း တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည့်အတွက်
ရရှိလာသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း၊ အစည်းအဝေးများတွင်
ဆွေးနွေးလိုသည့် အကြောင်းအရာများ မကျန်ရှိစေရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် မှာကြားပါသည်။
ဆက်လက်၍ ကုန်စည်များ လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး
လုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊
အာဆီယံ ပြတင်း တစ်ပေါက်စနစ်နှင့် National Trade Repository တည်ထောင်မှု အခြေအနေများ၊ ဝန်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီ
ဥက္ကဌ ဒုတိယဝန်ကြီး ဦးဟံစိန်က ဝန်ဆောင်မှု ဆိုင်ရာ ကဏ္ဍ/ကဏ္ဍခွဲများ ဖြေလျှော့ခြင်း ကိစ္စရပ်များ၊
ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် negative approach ဖြင့် ဆောင်ရွက်ရေး ကိစ္စရပ်များ၊
ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင်စေနိုင်ရေး လုပ်ငန်းကော်မတီ
ဥက္ကဌ ဒုတိယဝန်ကြီး ဦးထင်အောင်က လုပ်ငန်း ကော်မတီအောက်ရှိ ဆပ်ကော်မတီများ ဖွဲ့စည်းထားမှု
အခြေအနေနှင့် အာဆီယံဒေသတွင်း ကျွမ်းကျင် လုပ်သားများ ပြောင်းရွှေ့ခြင်းအတွက် ဆောင်ရွက်ပြီးစီးမှု
အခြေအနေများ၊ အခွန်စည်းကြပ်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ
ဒုတိယဝန်ကြီး ဦးလင်းအောင်က အခွန် နှစ်ထပ်ကွမ်း စည်းကြပ်မှုမှ ရှောင်ရှားရေး ကိစ္စရပ်များနှင့်
သဘောတူစာချုပ်များ ချုပ်ဆိုမည့်ကိစ္စ၊ ကုမ္ပဏီများ၏ အခွန်ထမ်းဆောင်မှု အခြေအနေများ၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ
လုပ်ငန်း ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် က အသိဉာဏ်ပစ္စည်းဆိုင်ရာ ထုတ်ပြန်
ပြီးသည့် ဥပဒေများ၊ National IP Office တည်ထောင်မည့် ကိစ္စရပ်နှင့် ဥပဒေပညာရှင်များ
စုဆောင်း ထားရှိမှု အခြေအနေ၊ အွခေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ
ကိုယ်စားလှယ်က မြန်မာနိုင်ငံမှ ကျွမ်းကျင် အင်ဂျင်နီယာများ ပြည်ပသို့ စေလွှတ်ခြင်းကိစ္စ၊
မြန်မာ နိုင်ငံသို့ လာရောက် လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးရန်ရှိသည့်
ကိစ္စရပ်များ၊ အာဆီယံအဝေးပြေး လမ်းမကြီးများ ဆောက်လုပ်နေသည့် အခြေအနေများ၊ ငွေကြေး အရင်းအနှီးများ
လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်က ငွေကြေးဆိုင်ရာ ဖြေလျှော့မှု
များနှင့် ၂၀၁၄ ခုနှစ်အတွင်း လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များ၊ နိုင်ငံခြားအကူအညီများ
ရရှိမှု အခြေ အနေ၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
လုပ်ငန်း ကော်မတီ ကိုယ်စားလှယ်က အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် တိုင်းနှင့်
ပြည်နယ် များတွင် ရုံးခွဲ များ ဖွင့်လှစ်ထားမှု အခြေအနေ၊ ပြည်ပ အဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ယှဉ်ပြိုင်မှု မူဝါဒ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ
ကိုယ်စားလှယ်က ယှဉ်ပြိုင်မှုဥပဒေ မူကြမ်း ရေးဆွဲဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ စားသုံးသူများ
အကာအကွယ်ပေးရေး လုပ်ငန်း ကော်မတီ ကိုယ်စားလှယ်က စားသုံးသူ ကာကွယ်ပေးရေးဥပဒေ ပြဌာန်းချက်နှင့်
ပြည်သူများသို့ အသိပညာပေး ဆောင်ရွက်နေမှုများ၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ
ပြဌာန်းရေး ဆောင်ရွက်ချက်များ၊ အီလက်ထရောနစ် ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ရေး
လုပ်ငန်း ကော်မတီ ကိုယ်စားလှယ် က
e-commerce နှင့် e-government ဖြစ်လာရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ စာရင်းအင်း
အချက်အလက်ဆိုင်ရာ လုပ်ငန်းကော်မတီ ကိုယ်စားလှယ်က စာရင်းအင်း ကိန်းဂဏန်းများ မှန်ကန်ရေးဆိုင်ရာ
ဆောင်ရွက်ချက်များ၊ အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ
လွတ်လပ်စွာ လုပ်ကိုင်စေနိုင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်က အာဆီယံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ကိစ္စရပ်များအတွက် ဆွေးနွေးဖက်နိုင်ငံများနှင့် လုပ်ကိုင် ဆောင်ရွက်နေသည့် အခြေအနေများ၊
ပြင်ပစီးပွားရေး ဆက်ဆံမှုများတွင် ညီညွတ်သော ချဉ်းကပ်မှုဖြစ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ
ထောက်ပံ့ ဖြည့်ဆည်းမှု ကွန်ယက်တွင် ပူးပေါင်းပါဝင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်က
အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများနှင့် လက်ရှိ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့်
သဘောတူ စာချုပ်များ ချုပ်ဆိုမည့် အခြေအနေ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ကိုယ်စားလှယ်က အာဆီယံ အစားအစာနှင့် စိုက်ပျိုးရေးလုပ်ငန်းများ
အကောင်အထည်ဖော် ပြီးစီးမှုနှင့် ချုပ်ဆိုရန်ရှိသည့် စာချုပ်များကိစ္စ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
ကျေးလက်ဒေသဖွံ့ဖြိုးရေး ညွှန်ကြားမှုဦးစီးဌာန ကိုယ်စားလှယ်က အာဆီယံတွင် အသားနှင့် ငါးကဏ္ဍဆိုင်ရာ
အကောင်အထည်ဖော် ဆောင်ရွက်မှု အွခေအနေ၊ ပြည်တွင်း သင်တန်းပေးမှု အခြေအနေများ၊ UMFCCI
ကိုယ်စားလှယ်က ပုဂ္ဂလိကကဏ္ဍ အာဆီယံ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်
ကိုယ်စားလှယ်က အာဆီယံနှင့် အရှေ့အာရှ စီးပွား
ရေးသုတေသနဌာန (အီရီယာ) နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်နေသည့်
အေအီးစီဆိုင်ရာ သုတေသနလုပ်ငန်းများ စသည်တို့ကို ဆွေးနွေး တင်ပြကြ ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ်
ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး ညနေ ၃:၁၅ နာရီတွင်
အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment