နေပြည်တော်-ဩဂုတ်(၇)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဘုန်းဆွေ၊
ဒေါ်စုစုလှိုင်တို့နှင့်အတူ ယနေ့နံနက်(၁၀)နာရီတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ဂျပန်နိုင်ငံ
နီပွန်ဖောင် ဒေးရှင်းမှ အမှုဆောင်အရာရှိချုပ် Mr. Ohno Suichi နှင့် Pre-College Education Network (USA) မှ Professor Dr.
James J. De Caron ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ သည်။
ယင်းသို့တွေ့ဆုံရာတွင် ရန်ကုန်မြို့နှင့်
စစ်ကိုင်းမြို့တို့တွင် ဖွင့်လှစ်ထားသည့် မျက်မမြင်ကျောင်းများ၌ ပညာသင်ကြားပေးနေမှု၊
အသက်မွေးဝမ်းကျောင်း ပညာများသင်ကြားပေးနေမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု
အခြေအနေများ၊ နားမကြားကျောင်းများ၌ နားမကြားပညာရေး လက်သင်္ကေတ ပညာ သင်ကြားပေးနေမှု အခြေအနေများ၊
မျက်မမြင်အကြောပြင်ပညာ သင်တန်းကျောင်းအတွက် သင်ရိုးဆိုင်ရာ ကိစ္စရပ်များ၊ ပြုပြင်ပြောင်းလဲရေး
တတိယအဆင့်ရှိန်အဟုန်မြှင့်တင်မှု လုပ်ငန်းစဉ်များအဖြစ် မသန်စွမ်းသူများ ဆိုင်ရာ ပြုစုစောင့်ရှောက်ရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ယခင်ကထက် ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်
ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို အဖွဲ့အစည်းနှစ်ခုအကြား ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရှိရသည်။
No comments:
Post a Comment