Thursday, August 28, 2014

နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ နေပြည်တော် ဩဂုတ် ၂၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများမှ ပညာထူးချွန်သူများနှင့် ကျန်းမာရေး ချို့တဲ့သူများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါး သူများကူညီစောင့်ရှောက်ရေး အဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါးသူများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်(ယာပုံ)က ဆင်းရဲ နွမ်းပါးချို့တဲ့သူများမှ ပညာထူးချွန် သူများနှင့် ကျန်းမာရေးချို့တဲ့ သူများကို ဆက်လက်ပညာသင်ကြား နိုင်ရေးနှင့် ဆေးကုသမှုခံယူ နိုင်ရေးတို့တွင် ရေရှည်ကူညီထောက်ပံ့နိုင်ရေးအတွက် ဤအဖွဲ့ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့၏ ထောက်ပံ့လှူဒါန်း ငွေများသည် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စု ဝန်ကြီးအဆင့်ရှိသူများ၊ ဒုတိယဝန်ကြီးများနှင့် ဒုတိယဝန်ကြီး အဆင့်ရှိသူများ၏ လစဉ်ချီးမြှင့်ငွေ များမှ ၂၅ ရာခိုင်နှုန်းကို ထည့်ဝင် လှူဒါန်း မတည်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွင်ဖြစ်ပွားသည့် ရောဂါအခြေ အနေကို ဖော်ပြ၍ မိမိတို့အဖွဲ့၏ ထောက်ပံ့မှုရယူနိုင်ရန် လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့်ပညာရေး စောင့်ရှောက်မှုကဏ္ဍများတွင် ရုပ်ရှင်၊ ဂီတနယ်ပယ်များအပါအဝင် နိုင်ငံ့တာဝန်ကို ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများ၊ နိုင်ငံ့ဂုဏ်ဆောင်စွမ်းဆောင်ရည် မြင့်မားသူများနှင့် ၎င်းတို့၏သားသမီးများနှင့် အမှန်တကယ် ဆင်းရဲ နွမ်းပါးချို့တဲ့သူများကို ကူညီစောင့်ရှောက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ ဆင်းရဲ နွမ်းပါးသူများ ကူညီစောင့်ရှောက်ရေး အဖွဲ့၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ကူညီထောက်ပံ့ ပေးမည့် မူဝါဒများကို ဆက်လက်ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်များသည် ရေရှည်မျှော်မှန်းဆောင်ရွက်ရမည့် အစီအမံများဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးချို့တဲ့သူများမှ ပညာထူးချွန်သူများနှင့် ကျန်းမာရေးချို့တဲ့သူများကို စောင့်ရှောက်ထောက်ပံ့ရာတွင် ဆင်းရဲနွမ်းပါးချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ စေတနာဖြင့် ထည့်ဝင်သည့်အလှူငွေများသည် မိမိတို့ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ ကူညီစောင့်ရှောက် ထောက်ပံ့ရာတွင် မည်သို့ ကူညီစောင့် ရှောက်ထောက်ပံ့လျှင် အကောင်းဆုံး ဖြစ်မည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါး ချို့တဲ့သူများမှ နိုင်ငံ့အတွက်ဒေသအတွက် ကဏ္ဍအသီးသီး နယ်ပယ်အသီးသီးတို့တွင် ထူးချွန်သည့်၊ စွမ်းဆောင်ရည်မြင့်မားသည့် နွမ်းပါးချို့တဲ့သူများကို ကူညီစောင့်ရှောက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် အဖွဲ့ဝင်ဒုတိယဝန်ကြီး ဦးတင်ငွေ၊ ဦးသန့်ရှင်း၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ဒေါ်စုစုလှိုင်တို့က မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် အတွင်းရေးမှူးဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြည်တွင်း ပြည်ပလှူဒါန်း ငွေရရှိနိုင်မည့်အခြေအနေများ၊ လှူဒါန်းထောက်ပံ့နိုင်မည့် အခြေအနေများနှင့် လှူဒါန်းထောက်ပံ့ ပေးရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေ ရှင်းလင်း ဆွေးနွေးညှိနှိုင်းကြ ပြီး ဆင်းရဲ နွမ်းပါးသူများကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက ဆင်းရဲနွမ်းပါသူများ ကူညီစောင့်ရှောက်ရေးအတွက် ရန်ပုံငွေစုဆောင်းရာတွင် ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ထောက်ပံ့ခြင်း သာမကဘဲပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ ဝန်ကြီးဌာနများ အလိုက်ဖြစ်စေ ပါဝင်လှူဒါန်းလိုပါက လှူဒါန်းနိုင်ပါကြောင်း၊ ဆင်းရဲနွမ်းပါးပြီး မိမိတို့နိုင်ငံအတွက်၊ မိမိတို့ဒေသအတွက် ကဏ္ဍစုံနယ်ပယ်အသီးသီး၌ ထူးချွန်စွာဆောင်ရွက်ခဲ့သူများ၊ စွမ်းဆောင်ရည်မြင့်မားသူများသာမက အမှန် တကယ် ဆင်းရဲနွမ်းပါးသူများကိုလည်း ကူညီစောင့်ရှောက်ထောက်ပံ့ ပေးသွားရမည်ဖြစ်ကြောင်းနှင့် မိမိ တို့အဖွဲ့အနေဖြင့် ဆင်းရဲနွမ်းပါးသည့်ပြည်သူများ အားကိုးလာသည်အထိ နိုးနိုးကြားကြားအောင်အောင်မြင်မြင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

နေပြည်တော် ဩဂုတ် ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများမှ ပညာထူးချွန်သူများနှင့် ကျန်းမာရေး ချို့တဲ့သူများကို ကူညီစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါး သူများကူညီစောင့်ရှောက်ရေး အဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်း



ပရာ နိုင်ငံတော်သမ္မတ၏ ဆင်းရဲနွမ်းပါးသူများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်(ယာပုံ)က ဆင်းရဲ နွမ်းပါးချို့တဲ့သူများမှ ပညာထူးချွန် သူများနှင့် ကျန်းမာရေးချို့တဲ့ သူများကို ဆက်လက်ပညာသင်ကြား နိုင်ရေးနှင့် ဆေးကုသမှုခံယူ နိုင်ရေးတို့တွင် ရေရှည်ကူညီထောက်ပံ့နိုင်ရေးအတွက် ဤအဖွဲ့ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊
မိမိတို့အဖွဲ့၏ ထောက်ပံ့လှူဒါန်း ငွေများသည် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စု ဝန်ကြီးအဆင့်ရှိသူများ၊ ဒုတိယဝန်ကြီးများနှင့် ဒုတိယဝန်ကြီး အဆင့်ရှိသူများ၏ လစဉ်ချီးမြှင့်ငွေ များမှ ၂၅ ရာခိုင်နှုန်းကို ထည့်ဝင် လှူဒါန်း မတည်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွင်ဖြစ်ပွားသည့် ရောဂါအခြေ အနေကို ဖော်ပြ၍ မိမိတို့အဖွဲ့၏ ထောက်ပံ့မှုရယူနိုင်ရန် လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး နှင့်ပညာရေး စောင့်ရှောက်မှုကဏ္ဍများတွင် ရုပ်ရှင်၊ ဂီတနယ်ပယ်များအပါအဝင် နိုင်ငံ့တာဝန်ကို ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် အငြိမ်းစားဝန် ထမ်းများ၊ နိုင်ငံ့ဂုဏ်ဆောင် စွမ်းဆောင်ရည် မြင့်မားသူများနှင့် ၎င်းတို့၏သားသမီးများနှင့် အမှန်တကယ် ဆင်းရဲ နွမ်းပါးချို့တဲ့ သူများကို ကူညီစောင့်ရှောက်ထောက် ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ ဆင်းရဲ နွမ်းပါးသူများ ကူညီစောင့်ရှောက်ရေး အဖွဲ့၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတို့တွင် ကူညီထောက်ပံ့ ပေးမည့် မူဝါဒများကို ဆက်လက် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်များသည် ရေရှည်မျှော်မှန်းဆောင်ရွက်ရမည့် အစီအမံများဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးချို့တဲ့သူများမှ ပညာထူးချွန် သူများနှင့် ကျန်းမာရေးချို့တဲ့သူများကို စောင့်ရှောက်ထောက်ပံ့ရာတွင် ဆင်းရဲနွမ်းပါးချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး အဖွဲ့၏ စေတနာဖြင့် ထည့်ဝင်သည့်အလှူငွေများသည် မိမိတို့ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ ကူညီစောင့်ရှောက် ထောက်ပံ့ရာတွင် မည်သို့ ကူညီစောင့် ရှောက်ထောက်ပံ့လျှင် အကောင်းဆုံး ဖြစ်မည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါး ချို့တဲ့သူများမှ နိုင်ငံ့အတွက်ဒေသအတွက် ကဏ္ဍအသီးသီး နယ်ပယ်အသီးသီးတို့တွင် ထူးချွန်သည့်၊ စွမ်းဆောင်ရည်မြင့်မားသည့် နွမ်းပါးချို့တဲ့သူများကို ကူညီစောင့်ရှောက် ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အဖွဲ့ဝင်ဒုတိယဝန်ကြီး ဦးတင်ငွေ၊ ဦးသန့်ရှင်း၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ဒေါ်စုစုလှိုင်တို့က မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် အတွင်းရေးမှူးဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြည် တွင်း ပြည်ပ လှူဒါန်း ငွေရရှိနိုင်မည့်အခြေအနေများ၊ လှူဒါန်းထောက်ပံ့နိုင်မည့် အခြေအနေများနှင့် လှူဒါန်းထောက် ပံ့ ပေးရမည့်အခြေ အနေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေ ရှင်းလင်း ဆွေးနွေးညှိနှိုင်းကြ ပြီး ဆင်းရဲ နွမ်းပါးသူများကူညီစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက ဆင်းရဲနွမ်းပါသူများ ကူညီစောင့်ရှောက်ရေးအတွက် ရန်ပုံငွေစုဆောင်းရာတွင် ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ထောက်ပံ့ခြင်း သာမကဘဲပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ ဝန်ကြီးဌာနများ အလိုက်ဖြစ်စေ ပါဝင်လှူဒါန်းလိုပါက လှူဒါန်းနိုင်ပါကြောင်း၊ ဆင်းရဲနွမ်းပါးပြီး မိမိတို့နိုင်ငံအတွက်၊ မိမိတို့ဒေသအတွက် ကဏ္ဍစုံနယ်ပယ်အသီးသီး၌ ထူးချွန်စွာဆောင်ရွက်ခဲ့သူများ၊ စွမ်းဆောင်ရည်မြင့်မား သူများသာမက အမှန် တကယ် ဆင်းရဲနွမ်းပါးသူများကိုလည်း ကူညီစောင့်ရှောက်ထောက်ပံ့ ပေးသွားရမည်ဖြစ်ကြောင်းနှင့် မိမိ တို့အဖွဲ့အနေဖြင့် ဆင်းရဲနွမ်းပါးသည့်ပြည်သူများ အားကိုးလာသည်အထိ နိုးနိုးကြားကြားေ အာင်အောင်မြင်မြင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

No comments:

Post a Comment