Thursday, August 28, 2014

အများပြည်သူများသို့ အသိပေးကြေညာခြင်း



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်သော သစ်ပင်/သစ် ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ တိုင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ၃၀-၈-၂၀၁၄ ရက်နေ့တွင် သင်္ဃန်းကျွန်း၊ ဒဂုံ(တောင်)၊ ဒဂုံ(အရှေ့)၊ ပုဇွန်တောင်၊ သာကေတ၊ စမ်းချောင်း၊ ကမာရွတ်၊ ဗဟန်း၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံ ကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှည်းကူး၊ ဖောင်ကြီး၊ ထောက်ကြန့်၊ တိုက်ကြီး၊ ထန်းတပင်၊ ဒါးပိန်မြို့နယ် များ၏ရပ်ကွက်အချို့၊ ဃNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် ၀၈း၀၀ နာရီမှ ၁၃း၀၀ နာရီအတွင်း လည်းကောင်း၊ ၁၃း၀၀ နာရီမှ ၁၆း၃၀ နာရီအတွင်းလည်းကောင်း အချိန်ပိုင်းဓာတ် အားပြတ်တောက်မှုများရှိမည်ဖြစ်ပါသည်။
၃၁-၈-၂၀၁၄ ရက်နေ့တွင် ဒေါပုံ၊ ဒဂုံ(တောင်)၊ ဒဂုံ(အရှေ့)၊ အလုံ၊ ကမာရွတ်၊ ကျောက်တံတား၊ သန်လျင်၊ သုံးခွ၊ ခရမ်း၊ တံတား၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မှော်ဘီ၊ လှည်း ကူးမြို့နယ်များ၏ ရပ်ကွက်အချို့၊ ဃNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် ၀၉း၀၀ နာရီမှ ၁၃း၀၀ နာရီအတွင်း လည်းကောင်း၊ ၁၃း၀၀ နာရီမှ ၁၅း၀၀ နာရီအတွင်းလည်းကောင်း အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ပါသည်။
ယင်းသို့ ဓာတ်အားဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက် ရခြင်းသည် ဓာတ်အား ဖြန့်ဖြူးမှုစနစ်အတွင်းရှိ ဓာတ်အားခွဲ ရုံများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရန်၊ ဓာတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက် မှုများ လျော့နည်းစေရန် အတွက် ပုံမှန်မဖြစ်မနေဆောင်ရွက် ရန်လိုအပ်သည့် လုပ်ငန်းဖြစ်၍ ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ ဓာတ်အားပြတ်တောက် မှုကြောင့် လူမှုရေးအခက်အခဲများ ပေါ်ပေါက်နိုင်မှု အပေါ် နားလည်ခွင့်လွှတ်ပါရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က အများ ပြည်သူသို့ အသိပေး ပန်ကြားအပ်ပါသည်။         

No comments:

Post a Comment