Thursday, August 28, 2014

အနာဂတ်အလင်း စာချစ်သူများသို့ နံရံကပ် စာပေရေချမ်းစင် လှူဒါန်း

သြဂုက်၂၇
စာပေချစ်မြတ်နိုးသော လူငယ်များမှ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကွမ်းခြံအနောက်ပိုင်း ဗိုလ်ချုပ် လမ်းမပေါ်တွင် စာချစ်သူများ ဦးစီ၍ ပြည်သူအများ စာဖတ်ခြင်းဖြင့် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အနာဂတ် အလင်း စာပေရေးချမ်းစင်ကို ဖွင့်လှစ်ခဲ့သည်။





အဆိုပါရေးချမ်းစင်ကို၊ ကိုအောင်နိုင်၊ကိုနေလင်း၊ ကိုဘားမား၊ ကိုမျိုးမင်းထိုက်တို့မှ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ဖွင့်ခဲ့သည်၊ ယခုအခါသုတရသ ၁၅၀၀ ကျော်နှင့် နေ့စဉ်ထုပ် သတင်စာ၊ ဂျာနယ်များဖြင့် ပြည်သူတွေ ဖတ်ရှုနိုင်အောင် နံနက် ၇ နာရီမှ ည ၇ နာရီ အထိ စီစဉ်ဆောင်ရွက် ထားကြောင်း သိရသည်။
တွံတေးမြို့နယ်မှ အမျိုးသား စာပေဆုရှင် ဆရာမင်းသျှင်အောင်မှ အနာဂတ်အလင်း စာပေချစ်သူများသို့ နံရံကပ် စာပေရေချမ်းစင် ဘာသာရပ် ၁၃ မျိုးအား သြဂုက်၂၇ ရက် ညနေ ၃ နာရီက ၀ယ်ယူလှူဒါန်းခဲ့သည်။
စာပေရေးချမ်းဖွင့်လှစ် ထားသူက အခုကျွန်တော်တို့ ဒီအနာဂတ်အလင်းဆိုတဲ့ စာပေရေချမ်းကို သူငယ်ချင်း ၄ ယောက်နဲ့ စတင်ဖွင့်လှစ်တာပါ။ အောင်မြင်ပါတယ် အခုဆိုရင်တစ်နေ့ကို စာဖတ်ပရိတ်သတ် ၂၀ နဲ့ ၃၀ အကြား လာဖတ်ကြပါတယ်၊ အိမ်ကိုတော့မငှားပါဘူး လူငယ်တွေ စာလာဖတ်တာမြင်ရတော့ ဆံပင်ညှပ်ရင်း ၀မ်းသာပီတိဖြစ်ရတယ်။ ယနေ့လူငယ်တွေစာများများ ဖတ်စေချင်တယ်.စာဖတ်မှအသိပညာ ဗဟုသုတ ရရှိမှာပါလို့ ကိုအောင်မြိုင်မှ ပြောကြားခဲ့သည်။

No comments:

Post a Comment