Friday, August 8, 2014

ဥပဒေပညာရပ်သည် နိုင်ငံသားအားလုံး လေ့လာဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်




နေပြည်တော်   သြဂုတ်  
ပြည်သူများအား အမှန်ကိုအမှန် အတိုင်း၊ အရှိကိုအရှိတိုင်းမြင်အောင် လုပ်ရန် ဥပဒေပညာရှင်များနှင့်ဥပဒေ ရေးရာကိစ္စရပ် များနှင့် ပတ်သက်၍ အနာဂတ်တွင် တာဝန်ယူကြမည့် ဥပဒေကျောင်းသား ကျောင်းသူ များတွင် တာဝန်ရှိပါကြောင်းဖြင့် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယနေ့နံနက် နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ လွှတ်တော်သို့ လာရောက်လေ့လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်မေထားခေါင်းဆောင်သော ကြီးကြပ်သူ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင် စုလွှတ်တော် ဒုတိယနာယက ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့ လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။ တွေ့ဆုံရာတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်မေထားက လွှတ်တော်အစည်းအဝေးများ ရပ်နားစဉ် လွှတ်တော်သို့ လာရောက်လေ့လာခွင့်ရသည့် အတွက် စီစဉ်ဆောင်ရွက် ပေးသူများအား ကျေးဇူးတင်ရှိ ပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် မဟာဥပဒေဒုတိယ နှစ်ကျောင်းသား မောင်အောင်သန်းတင့်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသားကျောင်းသူများကိုယ်စား ပြည် ထောင်စုလွှတ်တော်၌ ဥပဒေများကို အတည်ပြု ဆုံးဖြတ်ရာတွင် ကျင့်သုံးသည့် မဲပေးပုံစနစ်နှင့် လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်တင် မြှောက်ရာတွင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေ စီစနစ်ကို ပိုမိုဖော်ဆောင်နိုင်မည့် ရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်း၍မေးမြန်းသည်။
မေးမြန်းချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဥပဒေကျောင်းသား ကျောင်းသူများအနေဖြင့် လွှတ်တော်သို့ လာရောက်လေ့လာခြင်းသည် မိမိတို့ အတွက်သာမက တိုင်းပြည်အတွက်ပါ အကျိုးရှိပါကြောင်း၊ လွှတ်တော်များ၌ ဥပဒေကိစ္စရပ်များကို မည်မျှအလေး ထားဆောင်ရွက်နေသည်ကို သိရှိ နိုင်အောင် ယနေ့တွေ့ဆုံပွဲတွင်ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းထားသည့်ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များကိုပါ တက် ရောက်စေခဲ့ပါကြောင်း၊ Supremacy of  Law သည် လူသားများအတွက် အလွန်ပင် အရေးကြီးပါကြောင်း၊ ဥပဒေကို နားလည်ရန်အတွက် ဥပဒေနှင့်ပတ်သက်၍ သင်ယူတတ်မြောက်ရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုး တက်သည့် နိုင်ငံများတွင် ဥပဒေပညာရပ်ကို အလေးထားပြီး လေ့လာကြကြောင်း၊ ဥပဒေပညာရပ်သည် နိုင်ငံသားအားလုံးလေ့လာ ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ကြောင်း၊ သို့သော်နိုင်ငံသားတိုင်း ဥပဒေကိုမသိနိုင်၍ ရှေ့နေ၊ ရှေ့ရပ်များက နိုင်ငံသားများကိုယ်စား လိုက်ပါဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း။ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် လွှတ်တော်များပေါ်ပေါက်လာခဲ့ကြောင်း၊ လွှတ်တော်မရှိလျှင် ဒီမိုက ရေစီမရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၌ လွှတ်တော်များရှိ၍ ဒီမိုကရေစီရှိကြောင်း၊ ယနေ့လွှတ်တော်များသည် လက်ညှိုးထောင် ခေါင်းညိတ်မည်ကာ မတ္တလွှတ်တော်များ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရန် လွှတ်တော်များ မရှိမဖြစ်လိုအပ်ပါကြောင်း၊ လွှတ်တော် ဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စား လှယ်များသည် ဥပဒေကို ပိုမိုနားလည်သိရှိရန် လိုအပ်ပါကြောင်း။
ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူ တို့မျှော်လင့်ချက် လွှတ်တော်ကဖော် ဆောင်ရွက်ဟူသော လွှတ်တော် ဆောင်ပုဒ်ရှိကြောင်း၊ လွှတ်တော်၏ ဆောင်ပုဒ်သည် လွှတ်တော်၏ မူဝါဒ ပင်ဖြစ်ကြောင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ဖော်ဆောင်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော် အတွင်း မေးခွန်းမေးမြန်းခြင်း၊ အဆိုဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့အုပ်ချုပ်ရေးစနစ်သည် ပြည်သူများကိုယ်စား ပြည်သူ့ကိုယ် စားလှယ်များက အုပ်ချုပ်သည့် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ဆန္ဒနှင့်အညီ အုပ်ချုပ်ရာတွင် ဥပဒေနှင့် အညီ အုပ်ချုပ်ရန်လိုကြောင်း၊ တရားစီရင်ရေး ကဏ္ဍအနေဖြင့် ဥပဒေနှင့်မညီသည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တရားစွဲဆိုတင်ပြလာမှုများအပေါ် မှန်မမှန်ဆုံးဖြတ်ပေးရ မည်ဖြစ်ကြောင်း၊ ဥပဒေမလိုက်နာ သူများကို အရေးယူ အပြစ်ပေးရမည် ဖြစ်သကဲ့သို့ ဥပဒေလိုက်နာသူများကို အကာအကွယ် ပေးရမည် ဖြစ်ကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပြီး စတုတ္ထမဏ္ဍိုင်ဟုဆိုရမည့် မီဒီယာအပိုင်းက စောင့်ကြည့် ဝေဖန်သုံးသပ်ရမည် ဖြစ်ကြောင်းဖြင့် ပြောကြားပြီး လွှတ်တော်များ၌ကော်မတီ၊ ကော်မရှင်များဖွဲ့စည်း ဆောင်ရွက်မှု၊ ဥပဒေများပြင်ဆင်၊ ပယ်ဖျက်အသစ် ရေးဆွဲ ပြဋ္ဌာန်းမှု၊ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကိုပိုမိုဖော် ဆောင်ပေးနိုင်မည့် ရွေးကောက်ပွဲစနစ်နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြည်သူ့လွှတ်တော်စာတမ်းပါအထိမ်းအမှတ်လက်ဆောင်၊ လွှတ်တော်အစည်းအဝေး မှတ်တမ်း စာအုပ်များနှင့် လွှတ်တော်ဂျာနယ်တို့ကို ပေးအပ်ရာ ပါမောက္ခ/ဌာနမှူးဒေါက်တာဒေါ်မေထား၊ တွဲဖက် ပါမောက္ခ ဒေါ်ခင်ချစ်ချစ်နှင့် ကထိက ဦးမြင့်ဆွေတို့က လက်ခံကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ် တော်နာယကနှင့် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယကတို့ထံ ပါမောက္ခ/ ဌာနမှူး ဒေါက်တာ ဒေါ်မေထားက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

No comments:

Post a Comment