အဝလွန်ပါက နှလုံး၊သွေးတိုး၊လေဖြတ်၊ဆီးချိုစသော လူကိုသေစေနိုင် သည့် ရောဂါများစွဲကပ်လာနိုင်ပေရာ လူတို့သည် အဝမလွန်အောင် နည်းလမ်းများကို ရှာကြံနေလာခဲ့သည်မှာ နှစ်ပရိစ္ဆေဒအတော်ပင်ကြာညောင်းခဲ့ ပေပြီ။
အဝမလွန်အောင်ပြုလုပ်သော နည်းလမ်းများထဲတွင် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ အဆီလျှော့စား ခြင်းနှင့် ကယ်လိုရီများသော ကစီ (ဆန်၊ဂျုံစသည်) လျှော့စားခြင်းတို့သည် ထိပ်ဆုံးမှပြေးပါသည်။ ယခုလေအေးအေးကိုခံခြင်းဖြင့် ကိုယ်အလေးချိန်တိုး မလာအောင် ပြုလုပ် သော နည်းလမ်းတစ်ခုအကြောင်း တင်ပြပါမည်။
အိမ်တွင်ဖြစ်စေ၊ ရုံးတွင်ဖြစ်စေ အခန်းတွင်းအပူချိန်ကို လျှော့ချခြင်း(ဥပမာ ပန်ကာဖွင့်၍ဖြစ်စေ၊ လေအေးစက်တပ် ဆင်၍ဖြစ်စေ)သည် အဝမလွန်အောင် ကာကွယ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ခု ကဆိုပါသည်။ သိပ်မပြင်းထန် သော အအေးဓာတ်ကို မှန်မှန်ရရှိခြင်းသည် ကိုယ်အလေးချိန်လျှော့ချရာ၌ ကျန်းမာရေးနှင့် ညီညွတ်ပြီး ကျသွားသည့် ကိုယ်အလေးချိန်ကို ကြာရှည်ထိန်း ထားနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်ဟု နယ်သာလန်နိုင်ငံ Maastricht University ဆေးပညာဌာနမှ သုတေသီများက ပြောသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့၏ပူအိုက်နွေးထွေးသောအိမ်များနှင့် ရုံးခန်း များသည် ကျွန်ုပ်တို့၏ ခါးများတုတ်ရခြင်းအတွက် တစ်စိတ်တစ်ပိုင်းသက်ဆိုင် နေပါသည်။ ကျွန်ုပ်တို့အများစုသည် အချိန်အားလုံး၏ ရာခိုင်နှုန်း ၉၀ ကို အိမ်ထဲရုံးထဲတွင် ကုန်လွန်နေရသည်။ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်လေထုကို ကျန်းမာရေး နှင့်ညီညွတ်စေခြင်းသည် တန်ဖိုးရှိလှပေသည်။ သုတေသီများသည် သိပ်မပြင်းထန်သော ညင်သာသည့် အအေးဓာတ်၏ အကျိုးသက်ရောက်မှုများကိုလေ့ လာနေခဲ့သည်မှာ လွန်ခဲ့သော ၁၀ နှစ်ခန့် ကတည်းက ဖြစ်သည်။ လူအများ၏စိတ်ဝင်စားမှုနည်းပါးသဖြင့် ဤမျှကြာမြင့် ခဲ့ခြင်းဖြစ်သည်။
ဂျပန်သုတေသီများ၏ ယခင်ကလေ့လာမှုမှပြသသည်မှာ အခန်းတွင်း အပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်၊ ယင်းမှာ ၆၂ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်တွင် တစ်နေ့ နှစ်နာရီဖြင့် ရက်သတ္တခြောက်ပတ်နေသူများတွင် ခန္ဓာကိုယ်မှ အဆီ များလျော့ကျသွားကြောင်းပင် ဖြစ်သည်။ ယခုလေ့လာမှုအသစ်တွင်လည်း အလားတူရလဒ်ကိုရပြီး လူတို့သည် အအေးဓာတ်ကို ကျင့်သားရရှိကြကြောင်းပြ ပါသည်။ လေအေးအေးထဲတွင် တစ်နေ့ခြောက်နာရီဖြင့် ၁၀ ရက်ကြာနေသူများတွင် အပူထုတ်လွှတ်မှုများကာ ခန္ဓာကိုယ်ထဲမှ အဆီများ ပိုမိုလောင်ကျွမ်းကြောင်းပြပါသည်။ အခန်းတွင်း လေအေးအေး ၁၅ ဒီဂရီစင်တီဂရိတ်(ယင်းမှာ ၅၉ ဒီဂရီဖာရင်ဟိုက်)တွင် လူတို့သည် ပို၍သက်သောင့်သက်သာရှိကာ ချမ်းတုန်မှုနည်းပါးကြောင်း လေ့လာမှုအသစ်၌တွေ့ရှိရပါသည်။
အနည်းဆုံးငယ်ရွယ်သူများနှင့် သက်လတ်ပိုင်းများတွင် မချမ်းတုန်အောင် အပူထုတ်လွှင့်မှုများသည် ခန္ဓာကိုယ်၌ စုဆောင်းထားသော စုစုပေါင်း အပူပမာဏ၏ ၃၀ ရာခိုင်နှုန်းအထိရှိပါသည်။ ယင်းအဓိပ္ပာယ်မှာ နိမ့်သော အခန်းတွင်းအပူချိန်များ သည် လူတစ်ဦးအလုံးစုံအသုံးပြုသော စွမ်းအင် ပမာဏအပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိသည်ဟူ၍ ဖြစ်ပေသည်။
No comments:
Post a Comment