Saturday, August 9, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့်တွေ့ဆုံ


နေပြည်တော် ဩဂုတ် ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များအား ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-1) ၌ တွေ့ဆုံဆွေးနွေးသည်။


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးအေးမြင့်ကြူ၊ ဒေါက်တာကံဇော်တို့ တက်ရောက်ကြပြီး အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာလီယောင်မင်တို့ တက်ရောက်ကြသည်။

No comments:

Post a Comment