Saturday, August 30, 2014

နိုင်ငံသားလုပ်ငန်း အသိပညာပေးဟောပြောပွဲ



ထားဝယ် သြဂုတ် ၃၀
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သြဂုတ်လ (၂၈)ရက်နေ့ မွန်းလွဲ ၁၃:၀ဝ နာရီ အချိန်၌ ထားဝယ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် ဝန်ထမ်းများ၊ NRC အဖွဲ့မှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ်၊ တလိုင်းယာ ကျေးရွာနှင့် ကလုံးထာ ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားလုပ်ငန်း အသိပညာပေးနှင့် ပတ်သက်၍ ဟောပြောခဲ့သည်။


ဆက်လက်၍ ထားဝယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် ဝန်ထမ်းများ၊NRCအဖွဲ့မှ တာဝန်ရှိသူ များက မိုးပွင့်စီမံချက် အဆင့်(၆)အရ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ အိမ်ထောင်စု လူဦးရေ စာရင်း ပြောင်းဝင်/ပြောင်းထွက်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ မွေးဖွားကလေး အိမ်ထောင်စု စာရင်း သွင်းခြင်း/သေဆုံးပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ (အခမဲ့) ပြုလုပ်ပေးရန် အတွက် အသိပညာပေး ဟောပြောရာ ဒေသခံ ကျေးရွာပြည်သူ (၁၀ဝ)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment