Saturday, August 30, 2014

သထုံခရိုင်တွင် ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ဖွင့်လှစ်

သထုံ ဩဂုတ် ၂၉
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်း စဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက် မြင့်မားစေရေး အတွက် လုပ်ငန်းခွင် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကို ဩဂုတ်လ ၂၈ ရက်နေ့ က သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ် သည်။




သင်တန်းဖွင့်ပွဲတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်စောလင်းက (Third Wave) လုပ်ငန်းစဉ်မှ ပြုပြင်ပြောင်းလဲ မှုများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက မိမိဌာန၏ ရည်ရွယ်ချက်များ အောင်မြင်နိုင်စေရေး အတွက် ကြိုးစားကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး၊ အရည်အသွေး မြင့်မားရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေး မှာကြားသည်။
အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ သထုံခရိုင် အတွင်းရှိ သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင် မြို့နယ်တို့မှ ဝန်ထမ်း(၁၈) ဦးတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment