Tuesday, August 26, 2014

မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင် ရေး သင်တန်း(၁/၂၀၁၄)ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

မိတ္ထီလာ ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်းအတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁ /၂၀၁၄)ဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၄ ညနေ ၄နာရီခွဲက မိတ္ထီလာမြို့ ကန်တော်မင်္ဂလာ ခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။


လက်ရှိပြောင်းလဲနေသော မျက်မှောက်ခေတ်စနစ် အခြေအနေများကို နားလည်ပြီး မိမိတို့ဝန်ထမ်းများတတ်ကျွမ်း သည့်ပညာဖြင့် ပြည်သူများ၏ လိုအပ်ချက်ကို သိရှိနားလည် ဖြည့်ဆည်းပေးရန်၊ ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု မြင့်မား တိုးတက်စေရေးနှင့် လုပ်ချင်ကိုင်ချင်စိတ်များ ပြောင်းလဲတိုးတက်လာစေရန် စသည်ရည်ရွယ်ချက်များဖြင့် သင်တန်း ဖွင့်လှစ်ဖြစ်ကြောင်းကို အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ တိုင်းဒေသကြီး ဒုတိယလျှပ်စစ်အင်ဂျင်နီယာ ဦးစိန်ဝင်းမြင့်က ထည့်သွင်းပြောကြားသည်။
၎င်းနောက် သင်တန်းဆင်းလက် မှတ်များကို မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်းအတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ဝန်ထမ်း သင်တန်းသားသင်တန်းသူ ၆၉ ဦးကိုယ်စား သင်တန်းသားတစ်ဦးထံသို့ မန္တလေးတိုင်းဒေသကြီး ဒုတိယလျှပ်စစ်အင်ဂျင်နီယာက ပေးအပ်သည်။

ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအားဂုဏ်ပြုဆုများကို မိတ္ထီလာခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမွန်းအောင်ဇေ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment