Tuesday, August 26, 2014

သာစည်မြိ့နယ် ကြပ်စခန်းကျေးရွာအုပ်စု၏ ပထမအကြိမ်ကျေးရွာအုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

သာစည် ဩဂုတ် ၂၆
 မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကြပ်စခန်းကျေးရွာအုပ်စု၏ ပထမအကြိမ် ကျေးရွာအုပ်ချုပ်ရေးမှူး ဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်နေ့မှ ဩဂုတ် ၂၅ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


ဘောလုံးပြိုင်ပွဲတွင် အကြီးတန်း(၃)သင်း၊ အလတ်တန်း(၁၃)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အကြီးတန်း အသင်းတွင် သုခရွှေအိမ်အသင်းက ပထမဆုရရှိပြီး အလတ်တန်းအသင်းတွင် ကြပ်စခန်းကျေးရွာမှ ရတနာဆင့်အသင်းက ပထမ၊ မေတ္တာမဏ္ဍိုင် အသင်းက ဒုတိယ၊ သစ်ပုလွေကျေးရွာ ရွှေလူငယ်အသင်းနှင့် ပြည်ညောင်ကျေးရွာညွန့်ပေါင်း အသင်း တို့ကပူးတွဲ တိယရရှိသည်။ အလတ်တန်းပထမဆုဖလားနှင့် ဆုကြေးငွေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ငွေမှ ချီးမြှင့်ပြီး၊ ဒုတိယဆုဖလားနှင့်ဆုကြေးငွေကို ကြပ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်နှင့် သုခပံသု သတ္တုတူးဖော်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ချိုတို့မှ ချီးမြှင့်သည်။ တတိယဆုကို ကျေးရွာ အားကာကော်မတီဝင်တစ်ဦးမှချီးမြှင့်သည်။

ကြပ်စခန်းကျေးရွာအုပ်စု၏ ပထမအကြိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအပျော်တမ်း အကြီးတန်း နှင့် အလတ်တန်း ဘောလုံးပြိုင်ပွဲကို သုခပံသု သတ္တုတူးဖော်ရေးကုမ္ပဏီ၏ ကူညီပံ့ပိုးမှုဖြင့်ကျင်းပ ဆောင်ရွက်ခဲ့ပြီး ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသောဘောလုံးအသင်းများက ဆုကြေးငွေများကို ကြပ်စခန်း ကျေးရွာ ဘုရားကြီးကျောင်း တိုက် အတွင်း တည်ထားကိုးကွယ်သော စေတီတော်မြတ်ကြီးအတွက် အလှူငွေ အဖြစ် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment