Friday, August 1, 2014

ဆက်လက်ဆဲဆိုခြင်းမပြုရန်တားမြစ်သူကို ဓားမဖြင့်ခုတ်



တောင်ငူ သြဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၂)သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း၊ ထုံးဘိုရွာ၊ နဂါးမောက် ကျေးရွာအုပ်စုနေ ဒေါ်ထားရီ ၄၆နှစ၊် သောက်ရေခပ်ရေအားလျှပ်စစ်စီမံကိန်း၊ နေ့စားဝန်ထမ်းလုပ်သူသည် အလုပ်သမား တန်းလျား၌ ခင်ပွန်းဖြစ်သူ ကိုသန်းဝင်း ၅၁နှစ်၊ သမီးဖြစ်သူ မသူဇာခိုင်
၁၈နှစ်တို့နှင့် အတူရှိနေစဉ် တန်းလျား အနောက်ဘက်အခန်းနေ ကိုပြုံးမောင် ၄၆နှစ် ကျဘမ်းလုပ်သူမှ ခင်ပွန်းဖြစ်သူ ကိုသန်းဝင်းအား ဆဲဆိုနေသဖြင့် ဆက်လက်ဆဲဆိုခြင်းမပြုရန် သမီးဖြစ်သူ မသူဇာခိုင်နှင့်အတူသွားရောက်ပြောဆိုစဉ် ကိုပြုံးမောင်မှ ၄င်းအိမ်ပေါ်သို့တက်သွားပြီး ဓားမအားယူ၍ မသူဇာခိုင်အား ဓားမဖြင့်ခုတ်ရာ မသူဇာခိုင်တွင် ယာလက်မပြတ်ရှဒဏ်ရာ (အတွင်းလူနာ၊ မစိုးရိမ်ရ)ရရှိခဲ့သည်။

ပြုံးမောင်အား အရေးယူပေးပါရန် ဒေါ်ထားမြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ထုံးဘို နယ်မြေရဲစခန်း (ပ)၉၀/၂၀၁၄ ပြစ်မှုပုဒ်မ ၂၉၄/၃၂၆အရ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။

No comments:

Post a Comment