Friday, August 1, 2014

တရားမဝင်နှစ်လုံးထီလောင်းကစားပြုလုပ်နေသူအား ဖမ်းဆီးရမိ



တောင်ငူ သြဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊  တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ စိန်ပန်းမြိုင်ကျေးရွာနေ ဦးသက်လွင် ၄၄နှစ်၊ လက်သမားလုပ် သူ၏ နေအိမ်တွင် တရားမဝင်နှစ်လုံးထီ လောင်းကစား ပြုလုပ်ကြောင်း သတင်းအရ အမှတ်(၂) နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းထိုက်ထွေးနှင့် အဖွဲ့သည် သက်သေများ နှင့်အတူ ဝင်ရောက်ရှာဖွေရာ
ဦးသက်လွင်အား ၄င်း၏ နေအိမ်အပေါ်ထပ်ဘုရားခန်းတွင် အသင့်တွေ့ရှိရပြီး ၄င်းဝတ်ဆင် ထားသောအကျီင် လက်ရှည် ဂျင်းပြာရောင်၏ ဝဲဘက်အိပ်ကပ်အတွင်းမှ နှစ်လုံးထီလောင်း ကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် အတူ လောင်းကစားငွေကျပ် ၁၁၀ဝ၀ိ/-ကျပ်ကို သိမ်းဆည်းရမိခဲ့သည်။
သက်လွင်အားအရေးယူပေးပါရန် ဒုရဲအုပ်သန်းထိုက်ထွေးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်ငူအမှတ် (၂) နယ်မြေရဲစခန်းမှ(ပ) ၂၇၈/၂၀၁၄၊ လကစ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment