Friday, August 1, 2014

ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်



ဘီးလင်း   ဇူလိုင်  ၃၀
ဘီးလင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင် ၃၀ ရက် က ဘီးလင်း အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး လှုပ်ရှားမူ လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက် ခဲ့ကြရာ မြို့နယ် လက်ထောက်ဆရာဝန် ဒေါက်တာအိအိကျော်က  ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေး အကြောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်သဉ္ဇာဝင်းက အမျိုးသမီးငယ်များအား အဓမ္မပြုကျင့် ခံရမှုနှင့် ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကို ဆွေးနွေး ဟောပြောခဲ့ကြသည်။


ဆက်လက်၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူ ၃၀၀ကျော်တို့အား ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ ဆေးကုသမှု ပေးခြင်းနှင့်  ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော မုန့်များ အား ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ တို့ကိုစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment