Tuesday, August 5, 2014

ကိုရီးယားဆရာဝန်များအဖွဲ့မှ အာမခံလုပ်သားများအား အခမဲ့ဆေးဝါးကုသပေး

ရန်ကုန်-ဩဂုတ်-၅
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၁)နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ အလုပ် သမားဆေးရုံ၌ ကိုရီးယားသမ္မတနိုင်ငံ Good  Share  for  Human မှ ဆရာဝန် များနှင့် သုခမင်္ဂလာ အထူး ကုဆေးခန်းနှင့် ရောဂါရှာဖွေရေး ဓာတ်ခွဲဌာနမှ ဝန်ထမ်းများက လူမှုဖူလုံရေးအာမခံ အလုပ်သမားများအား ရောဂါရှာဖွေ စစ်ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး အာမခံ အလုပ်သမားများအား ရင်းရင်း နှီးနှီး တွေ့ဆုံသည်။

အာမခံအလုပ်သမားများအား ရောဂါရှာဖွေကုသပေးခြင်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက အဓိက သုခမင်္ဂလာအထူးကုဆေးခန်းနဲ့ ဆက်စပ်ပြီး လုပ်တာပါ။ လူမှုဖူလုံရေးအာမခံဝင် ထားတဲ့ အလုပ် သမားတွေနဲ့ ပတ်သက်ပြီး ကုသပေးချင်တယ်ဆိုလို့ လက်ခံလိုက်တာ။ ကိုရီးယားမှ ဆရာဝန် တွေက သူတို့ ဆေးဝါးနဲ့ သူတို့ ကုသပေးမှာပါ ဟု ပြောသည်။

ကိုရီးယားဆရာဝန်များနှင့်အဖွဲ့သည် ၂၀၁၃ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် မှော်ဘီလူမှုဖူလုံရေး ဆေးခန်း၊ ထန်းတပင် လူမှုဖူလုံရေးဆေးခန်းနှင့် တာမွေအလုပ်သမား ဆေးရုံတို့၌ အာမခံအလုပ်သမားများအား ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း၊ ယခုဒုတိယအကြိမ်အဖြစ် ထန်းတပင်မြို့နယ် အလုပ်သမား ဆေးရုံ၌ အာမခံအလုပ်သမားများအား အထွေထွေရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများအား အခမဲ့ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment