Tuesday, August 5, 2014

မြစ်ရေကြီးမှု အခြေအနေ

နေပြည်တော်-ဩဂုတ်-၅

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ဩဂုတ်(၃)ရက်နေ့ နံနက်(၅)နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာ စံတော်ချိန် မွန်းလွဲ(၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ
ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၄)စင် တီမီတာ (ပေဝက်ခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်း နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။ 

No comments:

Post a Comment