Friday, August 1, 2014

ဇေယျာရတနာ ငွေစု-ငွေချေး အသင်းမှ အတိုးနှုန်းသက်သာစွာဖြင့် ကျေးရွာများ ငွေထုတ်ချေး

စစ်ကိုင်း၊သြဂုတ်(၁)
"ဆင်းရဲမှု လျှော့ချရေး သစ္စာစေတနာနဲ့ကျော်လွှားပေး" ဆိုသည့်အသင်း၏ ဆောင်ပုဒ်နှင့်အညီ စစ်ကိုင်းမြို့နယ် ပဒူကျေးရွာရှိ ဇေယျာရတနာ ငွေစု-ငွေချေးအသင်း၏ အခြေစိုက်အသင်းသား အင်အား (၂၀၀)ဦးတို့အား အတိုးနှုန်း (နှစ်ကျပ်ငါးဆယ်ပြား)နှုန်းဖြင့်


အသင်းသားတစ်ဦးလျင် ငွေကျပ်(၆၀၀၀၀ိ/-) ကို(၆) လကာလ အတွင်းပေးဆပ်ရန် အသင်း၏ဥက္ကဌ ဦးသိုက်ထွန်းနှင့် အမှုဆောင်အဖွဲ့ဝင်များက ဇူလိုင်(၂၉)ရက်က လက်ဝယ်အရောက်ချေးငှား ပေးခဲ့သည်။

စစ်ကိုင်းမြို့နယ် ဇေယျာရတနာ ငွေစု-ငွေချေးအသင်းသည် ဆင်းရဲမှုလျှော့ချရေး၊ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက် ရေး အတွက် အထောက်အကူဖြစ်စေရန် အသင်းသားများ၏အစုငွေနှင့် စုဆောင်းငွေများကို ထည့်ဝင်ပြီး ချေးငှားခြင်း ကို ဆောင်ရွက်လျက်ရှိရာ ယနေ့ တိုင်စစ်ကိုင်းမြို့နယ် အတွင်း ကျေးရွာနှင့်မြို့ပေါ်ရပ်ကွက် (၆၈)ခုရှိ အသင်းသား များသို့ အသင်းသားအင်အား (၁၁၂၆၅) ကျော်နှင့် ချေးငွေပမာဏကျပ်သိန်းပေါင်း(၂၉၀၃၅)ကျော်ခန့် လှည့်လည် သုံးစွဲ၍ချေးငှား ပေးလျက်ရှိကြောင်း အသင်းဥက္ကဌက ပဒူကျေးရွာအသင်းသားများကို ချေးငွေထုချေးပေးရာတွင် ပြောကြားခဲ့သည်ကိုသိရပြီး၊ အလားတူမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း ကျေးရွာအခြေစိုက် အသင်းများမှ တဆင့် ထုတ်ချေးပေးခဲ့သည်ကို သိရသည်။

No comments:

Post a Comment