ထန်းတပင်
ဇူလိုင် ၃၁
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေများကို ဇူလိုင်လ (၃၀) ရက်နေ့တွင် ထန်းတပင်
တစ်မြို့နယ်လုံးရှိ တောင်သူများကို ထုတ်ချေးပေးခဲ့ ကြောင်း သိရှိရသည်။
ထန်းတပင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု
(၂၄) အုပ်စု ကျေးရွာပေါင်း (၁၀၇) ရွာရှိ တောင်သူ များကို ဇွန်လ (၅) ရက်နေ့မှ စတင်၍
တစ်ဧကလျှင် ကျပ်တစ်သိန်း နှုန်းဖြင့် စိုက်ပျိုးစရိတ် ချေးငွေ များကို ထုတ်ချေး ပေးခဲ့ရာ
ဇူလိုင် (၃၀) ရက်နေ့ တွင် တောင်သူဦးရေ (၂၉၃၃) ဦးအတွက် ချေးငွေ ကျပ်သိန်းပေါင်း (၁၆၀၈၅)
ကို ထုတ်ချေး ပေးပြီးဖြစ် ကာ ကျန်ရှိသော ကျေးရွာ များကိုလည်း ဆက်လက် ထုတ်ချေးပေး သွားမည်
ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment