Friday, August 1, 2014

လူကြီးလူငယ် စကားဝိုင်းဖွဲ့ ဆွေးနွေးပွဲ ပခုက္ကူ၌ ကျင်းပ

ပခုက္ကူ ဇူလိုင် ၃၁
လူငယ်တွေ အသိပညာ ဗဟုသုတတိုးပွားရေး၊ မိမိကိုယ်ကိုယ်မိမိ ယုံကြည်ပြီး လူငယ်အချင်းချင်း ရင်းနှီးစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်စေဖို့ သုဂတိ စေတနာလူငယ်စွမ်းရည်
ပြည့်သင်တန်းခန်းမတွင် ဇူလိုင်(၂၇) ရက်က လူကြီးလူငယ် စကားဝိုင်း ဆွေးနွေးပွဲကို ပထမအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲကို လူငယ်ခေါ်င်းဆောင်များ ဖြစ်သည့် မြိုင်ကျေးလက် လူငယ်ခေါင်းဆောင်များ၊ ပေါက်ကျေးလက်လူငယ် ခေါင်းဆောင်များ၊ ဆိပ်ဖြူကျေးလက်လူငယ်ခေါင်းဆောင်များနှင့် သုဂတိစေတနာပရဟိတ လူငယ်ကွန်ယက်မှ လူငယ်များ(၄၂)ဦး ခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် လူငယ်များအထူးဖိတ်ကြားထားကြသည့် ဒေါက်တာသူရကိုကို၊ ဦးဟန်ညွန့်(MBCA)၊ ဦးဝေဖြိုး(SAE တံတား အထူးအဖွဲ့-၄)၊ ဦးမောင်ဝင်း(သုဂတိစေတနာ)နှင့်ဦးအောင်မင်းနိုင် (အပူပိုင်းဇုံစီမံကိန်းမန်နေဂျာ) တို့ တက်ရောက်ခဲ့ကြပြီး လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် အပြန်အလှန် အသိပညာ ဖလှယ် နှီးနှောခဲ့ကြကြောင်း သိရသည်။

၎င်းလူငယ်နှင့် လူကြီးစကားဝိုင်း ဆွေးနွေးပွဲများကို လစဉ်လဆန်း(၁)ရက်နှင့် (၁၆)ရက်နေ့များတွင် အမှတ်(၁၂) ရပ်ကွက်၊ သုဂတိစေတနာ လူငယ်စွမ်းရည်ပြည့် သင်တန်းခန်းမ၌ ဆွေးနွေးပွဲများ ပြုလုပ်သွားမည့် အစီအစဉ်ရှိကြောင်း ထပ်မံသတင်းရရှိသည်။

No comments:

Post a Comment