နေပြည်တော် သြဂုတ်
၇
(၄၇)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဩဂုတ် ၈ ရက်မှ ၁၀ ရက် အထိ နေပြည်တော်မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (၁)၌ကျင်းပမည်ဖြစ်ရာ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယင်း အစည်းအဝေးများသို့ တက်ရောက် မည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့အား ယနေ့ညပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ ဂရမ်း အမရဟိုတယ် တွင် ကြိုဆိုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
(၄၇)ကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေး၊ (၁၅)ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၂၁)ကြိမ် မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး၊ (၄)ကြိမ်မြောက်အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများကို နေပြည်တော် မြန်မာအပြည် ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment