Sunday, August 31, 2014

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများလှူဒါန်း

ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာန်အောင် စေတီတော် မြတ်ကြီးအတွင်းရှိ ဝိမုတ္တိရသ ဓမ္မာရုံကြီး၌ သာကေတမြို့နယ် ပရဟိတ အကျိုးဆောင် များအဖွဲ့ (ရန်ကုန်)မှ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ (၂၈) ကြိမ်မြောက် ဗလာစာအုပ်နှင့် စာရေးကိရိယာများ အဝတ်အထည်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘန္ဒန္တကုမာရာဘိဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပရဟိတအကျိုးဆောင် များအဖွဲ့ (ရန်ကုန်) နှင့် အလှူရှင်များက စုစုပေါင်း ငွေကျပ်သိန်း (၈၀) တန်ဖိုးရှိ ဗလာစာအုပ်၊ စာရေးကိရိယာပစ္စည်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/ ကျောင်းသူများအတွက် အဝတ်အထည်များကို ဆရာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ရေစက်ချအနုမောဒနာတရား ချီးမြှင့်တော်မူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

No comments:

Post a Comment