နေပြည်တော် ဩဂုတ် ၇
ဩဂုတ် ၆ ရက် နံနက် ၃ နာရီမှ ၉ နာရီအထိ ကချင်ပြည်နယ် မန်စီ မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နောင်းဟူချောင်းရေကြီးမှုကြောင့်မန်သာကျေးရွာမှ နေအိမ် ၅၀ နှင့် တုံပလွေကျေးရွာ ရေချောင်းအနီးရှိ နေအိမ် ၃၀ ခန့်တို့၏ အောက်ထပ် များသို့ ရေဝင်ခဲ့ပြီး တောင်သူ ၉၀ ၏ လယ်မြေဧက ၃၀၀ ခန့် ရေနစ်မြုပ်ခဲ့ ကြောင်း သိရသည်။
ဝေါမြို့နယ်
အလားတူ ယင်းနေ့နံနက် ၄ နာရီ မှစ၍ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကံမြင့်ကျေးရွာ၊ ကော့ဝင်း ကျေးရွာ၊ မိုးနက်ကျေးရွာ၊ ကျုံသင် ကျေးရွာ၊ ညောင်သုံးခွ ကျေးရွာနှင့် ကဒွတ်ကျေးရွာတို့၌ ရေအမြင့် တစ် ပေမှ လေးပေခန့်အထိ ဝင်ရောက် လျက်ရှိသဖြင့် ယင်းကျေးရွာများရှိ အိမ်ထောင်စု ၃၁၀ မှ လူဦးရေစုစုပေါင်း ၁၆၂၃ ဦးတို့မှာ ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ လည်းကောင်း၊ ယင်းနေ့နံနက် ၁၀ နာရီခွဲတွင် သနပ်ပင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းတူးမြောင်း ရေလျှံမှုကြောင့် မင်းရွာ ကျေးရွာအတွင်းသို့ ရေအမြင့် လေးပေ ခန့်ဝင်ရောက်နေသဖြင့် အိမ်ထောင်စု၆၅ စုမှ လူဦးရေစုစုပေါင်း ၃၅၀ တို့မှာ ကျေးရွာရှိ ကမ္မဋ္ဌာန်းဘုန်းတော်ကြီး ကျောင်းသို့လည်းကောင်း ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး မင်းရွာနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
စိုးရိမ်ရေမှတ်ကျော်လွန်
ထို့အပြင် ပဲခူးမြစ်ရေသည် စိုးရိမ် ရေမှတ်အထက်သို့ ကျော်လွန်ရောက် ရှိနေပြီး ပဲခူးမြို့ပေါ်ရပ်ကွက်များနှင့် လမ်းများအတွင်း ရေများဝင်ရောက်လျက်ရှိသဖြင့် ကျောက်ကြီးစု ရပ် ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ကျွန်းသာယာ ရပ်ကွက်ရှိ အနောက်ရွှေနံ့သာ ဘုန်း ကြီးကျောင်း၊ ကလျာဏီရပ်ကွက်ရှိ ကလျာဏီသိမ်တော်ကြီး၊ မဇင်းရပ် ကွက်ရှိ နောင်တော်ကြီးဘုရားဝင်းနှင့် ကြေးနီကန်ဘုန်းကြီးကျောင်း၊ ဇိုင်း/ တောင်ရပ်ကွက်ရှိ ကျောင်းသစ်ဘုန်း ကြီးကျောင်း၊ ဝင်္ကဘာဘုန်းကြီးကျောင်း၊ ပညာတံခွန်ဘုန်းကြီးကျောင်းနှင့် ရွှေဘုန်းပွင့်ဘုန်းကြီးကျောင်း၊ ဇိုင်း/မြောက်ရပ်ကွက်ရှိ အမှတ်(၄)အခြေခံ ပညာ အထက်တန်းကျောင်းနှင့် ဥဿာမြို့သစ် အမှတ်(၇)ရပ်ကွက်ရှိ ကျိုက်ပွန်မင်းကျောင်းတို့တွင် အိမ် ထောင်စု ၁၀၃၃ စုတို့မှ လူဦးရေ စုစု ပေါင်း ၅၆၅၄ ဦး ပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်
ထို့အပြင် ယင်းနေ့နံနက် ၈ နာရီ ခွဲတွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုကြောင့် အံတော်ကျေးရွာ ချောင်းအနီးရှိ အိမ်ထောင်စု ၂၁စုမှ လူဦးရေ ၉၂ ဦးကို အံတော်ဘုန်း တော်ကြီးကျောင်းသို့ လည်းကောင်းသမုတ်ချောင်းအနီးရှိ အိမ်ထောင်စု ၂၁ စုမှ လူဦးရေစုစုပေါင်း ၄၅ ဦးနှင့် သံတွဲချောင်းရေတိုးပြီး ရေကျော်လျက် ရှိသဖြင့် သံတွဲမြို့ အမှတ်(၁/၂/၄)ရပ်ကွက်များရှိ အိမ်ထောင်စု ၄၉ စုမှ လူဦးရေ စုစုပေါင်း ၂၂၁ ဦးတို့ကို ရွှေဆံတော်ဘုရား တောင်ခြေဓမ္မာရုံသို့လည်းကောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များကဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ရေယာဉ်နစ်မြုပ်
ထို့အပြင် ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး အလယ်ကျော်ကျေးရွာမှ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့သို့ ကျုံမငေးမြို့နေဦးမောင်ကိုကြီး(၄၅ နှစ်) မောင်းနှင် လာသော သိန်းသန်းအောင် ခရီးသည်တင် ပဲ့ထောင်ရေယာဉ်သည် မြစ်ကြီးပိုကျေးရွာနှင့် ကဇောင်းကျေးရွာကြားဇန်ကီရေကျော် အရောက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ် သွားခဲ့ပြီး ရေယာဉ်ပေါ်ပါခရီးသည် များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း နှင့် အခင်းဖြစ်နေရာသို့ လှိုင်းဘုန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment